စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် PDF ထဲဝင်ရန် ဆက်သွယ်သူများလာ
Dawei Watch
February 14, 2024စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံတွင် တာဝန်ထမ်းဆောင်ရန် ဆက်သွယ်စာရင်းပေးလာသူ များပြားလာကြောင်း တနင်္သာရီတိုင်းတွင်းက တော်လှန်ရေး အင်အားစုများထံက သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်တပ်ထဲတွင် ၂ နှစ်မှ ၅ အထိ တာဝန်ထမ်းဆောင်ရမည်ဆိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခဲ့သည်။ ယင်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ထံ စစ်မှုမထမ်းလိုသဖြင့် တော်လှန်ရေးအဖွဲ့များထံ စစ်မှုထမ်းရန် ဆက်သွယ်လာသူများလာခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။ ထားဝယ်မြို့မှ လူငယ်အမျိုးသားတစ်ဦးက မဖြစ်မနေ စစ်မှုထမ်းရလျှင် တော်လှန်ရေးတပ်ဖွဲ့များထံတွင်သာ ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောဆိုသည်။ “စစ်ကောင်စီတပ်ထဲသွားလည်း သေမယ့်အတူတူ PDF ထဲပဲ […]


