ထားဝယ်ခရိုင် ပကဖတပ်ခွဲ ၂ ခု နုတ်ထွက်၍ NUG ၏ ဒေါနစစ်ကြောင်းသို့ပူးပေါင်း
Dawei Watch
February 9, 2024ထားဝယ်ခရိုင် အခြေစိုက် ထားဝယ်ပကဖ DDT တပ်ဖွဲ့၏ တပ်ခွဲ ၃ နှင့် ရေဖြူ ပကဖ ၏ ဝေဟင်တပ်ဖွဲ့တို့သည် ပကဖအဖြစ်မှ နုတ်ထွက်၍ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသခွဲ ၃ ၏ ကွပ်ကဲမှုအောက်ရှိ ဒေါနစစ်ကြောင်းသို့ ပူးပေါင်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ယင်းတပ်ဖွဲ့များကထုတ်ပြန်သည်။ DDT တပ်ခွဲ ၃ သည် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ ၇ အဖြစ်လည်းကောင်း ၊ ဝေဟင်တပ်ဖွဲ့ သည် ဒေါနစစ်ကြောင်း ၏ ချေမှုန်းရေးတပ်ခွဲ ၆ အဖြစ် လည်းကောင်း ရပ်တည်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ “ပကဖကထွက်ပြီး ဒေါနတပ်ခွဲအဖြစ်ရပ်တည်တဲ့ အဓိကအကြောင်းအရင်းကတော့ ပိုမိုကောင်းမွန်တဲ့ ကွပ်ကဲမှုစနစ်နဲ့ အုပ်ချုပ်ထောက်ပံ့မှုလိုချင်တာလို့ ပြောလို့ရပါတယ် “ ဟု ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူက […]


