လောင်းလုံး သဘော့ဆိပ်ရွာအနီး လက်နက်ကြီးကျည်များကျ၊ ရွာအနီးပင်လယ်ပြင်တွင် စစ်သင်္ဘောနှစ်စီးနေရာယူ
Dawei Watch
August 13, 2024လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ အရှေ့ဘက်တွင် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ ညနေ ၆ နာရီဝန်းကျင်တွင် သဘော့ဆိပ်ရွာ အရှေ့ဘက် တောတန်းတစ်လျှောက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးက ပြောသည်။ “လက်နက်ကြီး သုံးလုံးကျတယ်။ တော်တော်ကြမ်းတယ်။ ရွာထဲကိုတော့ မကျဘူး” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ လက်နက်ကြီးကျည်များမှာ မည်သည့်နေရာက ပစ်ခဲ့သည်ဆိုသည်ကိုမူ အသေးစိတ် မသိရသေးပေ။ ဒေသခံအချို့ကမူ လောင်းလုံးမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ ဘက်က ပစ်ခတ်ခြင်းကြောင်း ဆိုသည်။ “ညနေက ၁၀၄ ထဲ (စစ်ကောင်စီတပ်သားတွေ) မြေတင်ကားတွေနဲ့ ဝင်သွားသလို အပြင်မှာလည်း ထွက်စစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက […]


