ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်က ဘဏ်များတွင် တစ်ကျော့ပြန် ငွေထုတ်ရခက်ခဲလာ

Dawei Watch

May 2, 2024

ထားဝယ်မြို့ရှိ ပုဂ္ဂလိဘဏ်များတွင် လှည့်ပတ်သုံးစွဲနေသည့် ‌ငွေသားလက်ကျန်နည်းပါးနေသဖြင့် ပိုက်ဆံထုတ်ယူရ ခက်ခဲလာကြောင်း ကိုယ်တိုင် ငွေထုတ်ယူခဲ့သည့် ‌မြို့ခံအချို့က ပြောသည်။ ငွေကျပ်ဆယ်သိန်းဝန်းကျင်မျှကိုသာ ထုတ်ယူရလွယ်ကူပြီး သိန်းငါးဆယ်၊ တစ်ရာဆိုပါက ထုတ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်သိန်းတစ်ရာ ထုတ်ယူလိုပါက တစ်ရက်လျှင် သိန်းသုံးဆယ်ကျော်ဖြင့် သုံးရက်စောင့်ပြီး ထုတ်ယူနေရ‌ကြောင်း ကိုယ်တိုင်ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။ “လုံးဝမထုတ်ပေးတာတော့မဟုတ်ဘူး။ ငွေများရင် အခုလွှဲ အခုထုတ် မရဘူး။ သုံးလေးခါခွဲပြီး ထုတ်ပေးတယ်။ စောင့်ရကြတာပေါ့။ အရေးတကြီးလိုရင် အခုလို အခုမရဘူး” ဟု ဧပြီလ ၃၀ ရက်က ငွေသွားထုတ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အပ်ငွေနည်းပြီး၊ ထုတ်ငွေများနေခြင်း တစ်နည်းအားဖြင့် ငွေသားအဝင်နည်းပြီး ထုတ်ယူငွေသားပမာဏ များပြားနေခြင်းကြောင်း ပုဂ္ဂလိ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “လကုန်ရက်တွေဆိုရင် ပိုဆိုးတယ်။ […]

ကံပေါက်-နဘုလယ်လမ်း ဖြတ်တောက်ခံရ၍ ကျေးရွာ သုံးရွာထက်မနည်း လူမှုစီးပွားထိခိုက်

Dawei Watch

May 1, 2024

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်တိုက်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပိတ်ဆို့လိုက်သဖြင့် ‌ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရှိ ဒေသခံများ၏ လူမှုစီးပွားထိခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ လမ်းပိုင်းဖြတ်တောက်ခံရသည့် ဇာဒီကျေးရွာအုပ်စုနှင့် ပရဒတ်ကျေးရွာအုပ်စုအကြားရှိ ခေါင်ပြန်၊ ဒိုက်တကော်နှင့် ခရင်းချောင်းရွာတို့က ဒေသခံများ အဓိက အခက်အခဲကြုံရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာ သုံးရွာသည် ဥယျာဉ်ခြံလုပ်ငန်းအပြင် ဇာဒီချောင်းဝကို အမှီပြု၍ တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ကံပေါက်ဈေးတွင် ဒေသထွက်ကုန်များ သွားရောက်ရောင်းချကြရကြောင်း ဈေးသည်များထံမှ သိရသည်။ “ကားတွေ သွားမရတော့ ဈေးတက် (ဈေးကို သွားလို့) မရတော့ဘူးလေ။ ပြီးတော့ ဈေးက ကံပေါက်နဲ့က ပိုနီးတယ်။ နဘုလယ်ဘက် ဈေးရောင်းဈေးဝယ်လုပ်ဖို့က ဝေးတယ်။ အရင်က ဆန်၊ ဆီပဲ သယ်ရခက်တာ အခုတော့ သွားလို့ပါ […]

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား အလှည့်ကျပေးမည့်အချိန် ထပ်မံပြင်ဆင်ထုတ်ပြန်

Dawei Watch

April 30, 2024

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားအလှည့်ကျပေးမည့်အချိန်ကို ကုမ္ပဏီဘက်က ယနေ့ညနေ ၃ နာရီခန့်တွင် ထပ်မံပြင်ဆင်ထုတ်ပြန်လာသည်။ ဧပြီလ ၂၈ ရက်ကထုတ်ပြန်ထားသည့် အလှည့်ကျဓာတ်အားပေးအချိန်ဇယားတွင် A အုပ်စု၊ B အုပ်စုဟု အုပ်စုနှစ်ခွဲပြီး ဖြန့်ဝေပေးမည်ဟုဆိုထားသည်။ ယခုအသစ်ပြင်ဆင်ထုတ်ပြန်လိုက်သည့် ဓာတ်အားအလှည့်ကျဇယားတွင်မူ A၊ B၊ C ဟု အုပ်စု သုံးအုပ်စုကို အလှည့်ကျပေးမည်ဟု ပြင်ဆင်ထားသည်။ ပထမထုတ်ပြန်သော အချိန်ဇယားတွင် ကြေညာထားသည့် အချိန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခြင်းမရှိခဲ့ပေ။ ဧပြီလ ၂၉ ရက် ညနေ ၃ နာရီမှစပြီး လျှပ်စစ်ဓာတ်အား စတင်ပြတ်တောက်သွားရာမှစပြီး ၂၄ နာရီကျော်သည်အထိ လျှပ်စစ်ဓာတ်အား လုံးဝမရသေးသည့် ဒေသများရှိနေသည်။ Petro & Trens ကုမ္ပဏီမှထုတ်ပြန်လိုက်သော ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဇယား

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်လာပြီး ကံပေါက်-နဘုလယ်လမ်းကို ဘတ်ဟိုးဖြင့် ဖျက်ဆီးဖြတ်တောက်

Dawei Watch

April 30, 2024

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်ဒေသတို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် စစ်ကောင်စီက ဘတ်ဟိုးဖြင့် မြေတူးပြီး လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက ကားခြောက်စီး၊ ဘတ်ဟိုးတစ်စီးတို့ဖြင့် ရောက်ရှိ လာကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် လမ်းပိုင်းနေရာ နှစ်ခုတွင် လမ်းကို မြောင်းသဖွယ် ဖြတ်တောက်တူးသည့်အပြင် လမ်းဘေးနှစ်ဖက်က မြေကြီးများကိုပါ တူးပြီး လမ်းပေါ်တွင် ပုံကာ ပိတ်ဆို့ထားကြောင်း ၎င်းတို့က ဆိုသည်။ “မြေကြီးတွေတူးပြီး လမ်းမအလယ်မှာ စုပုံထားတယ်။ လောလောဆယ်က ကားတွေသွားမရဘူး ။ ဆိုင်ကယ်တွေ၊‌ ဘေးတွဲတွေကတော့ ခြံပတ်လမ်းတွေကနေ သွားနေရတယ်” ဟု ဇာဒီရွာက ဥယျာဉ်ခြံအလုပ်သမားတစ်ဦးကပြောသည်။ လမ်းဖြတ်တောက် ပိတ်ဆို့သည့်နေရာမှာ […]

ထားဝယ်တွင် လျှပ်စစ်မီးအပျက်များလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့်ပစ္စည်းများ ဝယ်သူမြင့်တက်

Dawei Watch

April 30, 2024

ရာသီဥတု ပူပြင်းချိန် ထားဝယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်လေ့ရှိလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ လဆန်းပိုင်းမှစတင်ကာ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု မကြာခဏ ရှိလာသည်။ ထို့ကြောင့် အင်ဗာတာ၊ ပါဝါဘန့်တို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်သုံး ပန်ကာများ၊ လျှပ်စစ်မီးသီးများ၊ ပါဝါဘဏ်၊ အင်ဗာတာ၊ ဘတ္ထရီ၊ ဆိုလာ စသည့်တို့ ရောင်းမလောက်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “အဲဒီပစ္စည်း (အင်ဗာတာ၊ ဘတ္ထရီအပါအဝင် ၎င်းတို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်ပစ္စည်းများ) တွေက ရောက်တာနဲ့ ကုန်ဖြစ်နေတာ” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့တွင် လူသုံး မများသေးသည့် Power […]

မလွှဲတောင်ကို တစ်နေ့နှစ်ကြိမ် အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်ခွင့်ပြု

Dawei Watch

April 29, 2024

မွန်ပြည်နယ်ဘက်မှ တနင်္သာရီတိုင်းထဲသို့အဝင် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သင်္ကြန်ကာလနောက်ပိုင်း ကစ၍ တစ်နေ့နှစ်ကြိမ် အချိန်အကန့်သတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ကားသမားများနှင့် ခရီးသွားများထံက သိရသည်။ နံနက် ၈ နာရီခွဲဝန်းကျင်မှ ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။ “ကားကိုတော့ ဂိတ်ဖြတ်ခိုင်းတဲ့အချိန်ရောက်အောင် မောင်းရတာပေါ့။ သင်္ကြန်ကာလနောက်ပိုင်း လုံးဝ ဂိတ်ပိတ်ချတာ မျိုးတော့ မကြုံရသေးဘူး။ အချိန်နဲ့ပဲ ကန့်သတ်လိုက်တယ်” ဟု ထားဝယ်မြို့ခံ ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မလွှဲတောင်ဂိတ်ဖြတ်သန်းချိန်ကို တစ်ရက် ၈ နာရီသာ ခွင့်ပြုခဲ့ပြီး ယခုတစ်ဖန် အချိန်အကန့်သတ်ဖြင့် အကြိမ်ရေခွဲကာ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း ယာဉ်မောင်းများ ထံက […]

ရေဖြူ သဲချောင်းရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Dawei Watch

April 29, 2024

ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ယင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။ ဧပြီလ ၂၅ ရက်တွင် သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် အသက် ၄ဝ ကျော်အရွယ် ဦးဝင်းကျော်ကို ပျူစောထီး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက်တစ်ရက်အကြာ ဧပြီ ၂၆ ရက်ညတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကြောင့် သတိလစ်သွားသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဦးဝင်းကျော်ကို မိသားစုက မောရဝတီရေတပ်ဆေးရုံသို့ ပို့ဆောင်ရာတွင် လက်မခံသဖြင့် ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးဝင်းကျော်သည် စိတ်ကျန်းမာရေး ချို့ယွင်းနေသူဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးရိုက်နှက်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။ Dawei […]

လောင်းလုံးတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲ၍ပစ်ခတ်

Dawei Watch

April 28, 2024

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာတပ်အထိုင်ချကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က မနေ့(ဧပြီ ၂၇) နံနက် ၈ နာရီကျော် ခန့်တွင် မြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ပြဲကျေးရွာထိပ်ရှိ ရေပုန်းကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။ စစ်ကောင်စီတပ်က အဆိုပါ ဘုန်းကြီးကျောင်းထဲသို့ဝင်ရောက်ပြီး ယာယီတပ်စွဲကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က(စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ၊ ကျောင်းဆောင်တွေထဲကနေပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ချတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များမှာ စစ်ပြဲရွာနေအိမ်များအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပျက်စီးမှုအသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံတို့ကဆိုသည်။ […]