လောင်းလုံး ထိန်တွင်းရွာကို စစ်ကောင်စီတပ် ကုန်းကြောင်း ရေကြောင်းဖြင့် နှစ်ဖက်ပိတ်ပြီးဝင်ရှာ
Dawei Watch
August 30, 2024လောင်းလုံးမြို့နယ်၊ ထိန်တွင်းရွာကို စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၉ ရက် ညနေပိုင်းကစပြီး ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ပိတ်ကာ ဝင်ရောက်ရှာဖွေကြောင်း ဒေသခံများက ပြောသည်။ ခမောင်းတောင်ရွာဘက်မှ ကုန်းကြောင်းအတိုင်းဝင်လာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် ရေလမ်းက ထားဝယ်မြစ်ကြောင်း အတိုင်းလာသည့်စစ်ကြောင်းတို့ဖြင့် နှစ်ဖက်ပိတ်ဆိုရှာဖွေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ရွာထဲကလူတွေက အကုန်ပိတ်မိနေကြတယ်။ ဘယ်မှ ထွက်မရဘူး” ဟု ဒေသခံတစ်ဦးက ဩဂုတ်လ ၂၉ရက် ညအခြေအနေကို ပြောဆိုသည်။ ထိုစစ်ကြောင်းသည် ထိန်တွင်းရွာတွင် ညအိပ်စခန်းချပြီး ဩဂုတ်လ ၃၀ ရက် ယနေ့နံနက်ပိုင်းတွင် ထိန်းတွင်းရွာမှ ပြန်လည်ထွက်ခွာသွားကြောင်းဒေသခံများထံမှ သိရသည်။ ထိန်တွင်းရွာက အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြစ်ကမ်းနံဘေးတွင် ရှိသည့် လှေငယ်နှစ်စင်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “လှေတစ်စီးကို […]


