လောင်းလုံး ပြင်းထိန်ရွာကို စစ်ကောင်စီတပ် ညဘက်ဝင်ပြီး ဖုန်းနှင့် ငွေ များယူဆောင်
Dawei Watch
August 26, 2024လောင်းလုံးမြို့နယ် ပြင်းထိန်ရွာကို စစ်ကောင်စီတပ်က မနေ့ ည ၂ နာရီခန့်တွင် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ ဖုန်းနှင့် ငွေသားများ ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။ အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ (မနေ့ည) တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် ဝင်ရောက်လာသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ညဖက်တစ်ခါမှ မဝင်ဖူးဘူး။ ဒီလို ဝင်မှန်းတောင်မသိဘူး။ အခု ဒီညထပ်လာမှပဲ ကြောက်နေရတယ်” ဟု ဒေသခံကပြောသည်။ စစ်ကောင်စီတပ်က ပြင်းထိန်ရွာကို ညဘက်ဝင်ရောက် စစ်ဆေးချိန် နေအိမ် ဆယ်လုံးကျော်ကို စစ်ဆေးပြီး ဖုန်း ၈ လုံး ခန့်ကို သိမ်းယူသွားသလို […]


