ဖမ်းခေါ်ခံရသည့် ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့
Dawei Watch
August 16, 2024ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးကျော်မြင့်၏ ရုပ်အလောင်းကို ထားဝယ်မြစ်ကမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက ပြန်တွေ့ကြောင်း မြို့ခံအချို့နှင့် စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှသိရသည်။ ဆင်ဆိပ်လမ်းကွေ့အနီး နေအိမ်တွင်နေထိုင်ပြီး သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်မြင့်ကို ဩဂုတ်လ ၁၅ ရက် နံနက်တွင်လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်စောစောတွင် ဆင်ဆိပ်ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရှိ လောင်းလုံးမြို့နယ်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “သူနေတဲ့ နေရာနဲ့နီးနီးပဲ။ ဟိုဖက်ကမ်းမှာ တွေ့တာ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် ၁၉၉၀ အလွန်နှစ်များက စစ်ခေါင်းဆောင် ဦးသန်းရွှေလက်ထက် ထားဝယ်ခရိုင် […]


