ထားဝယ် မောင်မယ်ရှောင်ရွာတွင် နေအိမ် ၁၆ဆောင် မီးရှို့ခံရ
Dawei Watch
August 6, 2024ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး ယနေ့ ဩဂုတ်လ ၆ရက်အထိ နေအိမ် ၁၆ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၅ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် နေအိမ် ၁၂ ဆောင်ကို မီးရှိုသွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “(မနေ့ကမီးရှိုခံရတာ) အရှေ့ပိုင်းက အိမ်တွေ အကုန်တစ်နေရာတည်း။ အရင်ကရှို့တာလည်း အဲဒီနေရာအနားမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်ကလည်း စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာတွင် နေအိမ် လေးဆောင်နှင့် ဘိလိယက်ခုံ တစ်ခုံတို့ကို မီးရှို့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မတို့အိမ်လည်းပါတယ်။ ရွာသားတွေက ဘယ်သူမှဝင်မရတော့ သွားကြည့်မရသေးဘူး” ဟု နေအိမ်မီးရှို့ခံရသည့် […]


