ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းတွင် မြေမြုပ်မိုင်းနင်းမိမှုများ ဆက်တိုက်ဖြစ်လာ

Dawei Watch

April 15, 2024

သရက်ချောင်းမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဆက်တိုဖြစ်လာသည်ဟု ဒေသခံများထံက သိရသည်။ လွန်ခဲ့သည့် လေးငါးရက် (ဧပြီလ ၁၁ ရက်ခန့်)က မဲနယ်အိုးရွာမှ အမျိုးသမီးတစ်ဦး မြေမြုပ်မိုးနင်းမိမှုဖြစ်ပြီး ခြေတစ်ဖက်ပြတ်သွားသည်ဟု ဒေသခံအချို့နှင့်ဆေးရုံပို့ပေးခဲ့သည့်ပရဟိတအသင်းဝင်အချို့က ပြောသည်။ အသက် ၃၀ ခန့်ရှိ မမီးထိုက်မှာ အိမ်အနီးက ရော်ဘာခြံကို နံနက်စောစောထသွားစဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး ခြေတစ်ဖက်ပြတ်ထွက်ကာ နောက်ခြေတစ်ဖက်မှာလည်း ဒဏ်ရာရအနည်းငယ်ရရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ “ခြေဖြတ်ရတာတော့ တစ်ဖက်လို့ပဲကြားတယ်၊ အခုက ထားဝယ်ဆေးရုံမှာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လူနေအိမ်အနီးတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေပြတ်သွားသည့် ယင်းဖြစ်စဉ်ကြောင့် ဒေသခံများမှာ ဥယာဉ်ခြံထဲ မသွားလာရဲဖြစ်နေကြသည်ဟု ၎င်းက ပြောသည်။ ယင်းနေ့မှာပင် သရက်နှစ်ခွတံတားတွင် တပ်စွဲထားသည့်စစ်ကောင်စီဂိတ်အနီး Wifi ကြိုးလိုက်ပြင်နေသည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။ […]

စစ်ကောင်စီတပ်က လောင်းလုံးတွင် နေအိမ်များဖျက်ဆီးပြီး ဒေသခံအချို့ကိုဖမ်းဆီး

Dawei Watch

April 15, 2024

ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်မှု ခံရပြီးနောက် လောင်းလုံးမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မြို့တွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်္ကြန်အကြိုနေ့က စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ယင်းရွာလယ်ဘုန်းကြီးကျောင်းအနီးရှိ ‌အိမ်များအတွင်း စစ်ကောင်စီတပ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် နေအိမ်အများအပြားကို ဖျက်ဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “ရွာလယ်ကျောင်း(ဘုန်းကြီးကျောင်း) မှာတပ်စွဲထားတဲ့ စစ်သားတွေက ကျောင်းနားမှာပဲ မဏ္ဍပ်ထိုးပြီးရေကစားနေကြတာကို ( ပြည်သူ့ကာကွယ်ရေးအဖွဲ့က) ဝင်လာပစ်တာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်တွင် သေဆုံးသူရှိမရှိကို မသိရ‌သေးသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း ၎င်းကဆိုသည်။ ‌“ဆရာဝန်လိုက်ရှာနေကြတယ်။ ခဏခဏ မြို့ထဲဝင်ပြီး ဆရာဝန်ကိုလာခေါ်နေကြတာ။ ထိတဲ့သူများတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။ ယင်းအပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ […]

လောင်းလုံး စမ်းလှမ်းရွာတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 15, 2024

လောင်းလုံးမြို့နယ် ၊ စမ်းလှမ်းရွာတွင် နေထိုင်သည့် ပျူစောထီးဦးအောင်ခင် ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက် ညက ပစ်သတ်လိုက်ကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ ဦးအောင်ခင် သည် လောင်းလုံးဒေသခံမဟုတ်ဘဲ ရန်ကုန်တိုင်းမှတ်ပုံတင်ကို ကိုင်ဆောင်ထားသူဖြစ်ပြီး စမ်းလှမ်းရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း လောင်းလုံး ပကဖ ကသိမ်းဆည်းရမိသည့် ၎င်း၏ကိုယ်ရေးမှတ်တမ်းများအရ သိရသည်။ “သူ( ဦးအောင်ခင်) ကကြာပြီ ပြည်သူ့စစ်ဆိုပြီးလုပ်နေတာ။ ဟိုးအရင်ကတည်းက။ သူ့မှာလက်နက်ရှိတယ်တယ်လေ။ လှေတွေမှာပိုက်ဆံကောက်တာလည်းသူပဲ။ အရင်တုန်းက သူ့ကိုတစ်ခါလာပစ်ဖူးသေးတယ်။ အဲဒီတုန်းကတော့ လွတ်သွားတယ်” ဟု စမ်းလှမ်းရွာသူတစ်ဦးကပြောသည်။ ဧပြီလ ၁၅ ရက်မနက်ပိုင်းတွင်မူ စမ်းလှမ်းရွာနှင့် ပတ်ဝန်းကျင်ရွာများတွင် ရွာသားများပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသည်ဟု အောက်ရေဖြူ ဒေသခံတစ်ဦးက ပြောသည်။ ဦးအောင်ခင်ထံမှ ၎င်း၏ […]

ထားဝယ်ဒေသက အတာအိုးထုတ်လုပ်မှု ဆက်တိုက်ကျဆင်း

Dawei Watch

April 13, 2024

စစ်အာဏာသိမ်းပြီးချိန်မှစကာ ထားဝယ်ဒေသရှိ အတာအိုးလုပ်ငန်းများမှာ ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက် ၊ အိုးလုပ်ရုံများတွင် ယခုကျရောက်မည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွက် အတာအိုး ထုတ်လုပ်မှုပမာဏ ယခင်နှစ်များထက် ပိုမိုလျော့နည်းကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံကသိရသည်။ ယခင်နှစ်များက သင်္ကြန်အတာအိုးလက်ကျန်များကျန်ရှိနေခြင်း နှင့် အခြားဒေသမှ အတာအိုးများ မှာယူရောင်းချမှုများ ရှိလာသဖြင့် အဝယ်နှုန်းနည်းသွားခြင်းကြောင့် ထုတ်လှုပ်မှု လျှော့ချခဲ့ရခြင်းဖြစ်သည်။ ယခုနှစ် ထားဝယ်အတာအိုးဈေးကွက်တွင် ထားဝယ်ခရိုင်ထက် မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်များသို့ ပိုမိုဖြန့်ချိခဲ့ရကြောင်း ထားဝယ်မြို့၊ အိုးလုပ်ရပ်က အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကပြောသည်။ “ အခုနှစ် အတာအိုး ၁၂ဝဝဝ လောက်ထုတ်ဖြစ်တယ်။ ကြိုလုပ်ထားလို့လည်းမရဲဘူး။ အော်ဒါတင်မှလုပ်ပေးရဲတယ်။ ၂၀၁၉ လောက်က ကိုဗစ်တုန်းက သုံးသောင်း၊လေးသောင်းလောက် ထုတ်တယ်။ ကိုဗစ်မတိုင်ခင်က ငါးသောင်းနီးပါးအထိထုတ်ဖူးတယ် “ ဟု […]

မောင်းမကန်သွား သုံးထပ်လမ်းအကွေ့တွင် ပစ်ခတ်မှုဖြစ်ပွား

Dawei Watch

April 12, 2024

‌ထားဝယ်- မောင်းမကန်သွားလမ်း မောင်းမကန်ကျေးရွာအနီးရှိ သုံးထပ်လမ်းတွင် ယနေ့(ဧပြီ ၁၂)နံနက်ပိုင်းက ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ နံနက်လင်းချိန်တွင် လက်နက်ကြီးသံ ခုနစ်ချက်ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရသည်ဟုဆိုသည်။ သုံးထပ်လမ်း ရူ့ခင်းသာနေရာမရောက်မီ လမ်းကွေ့တွင်မူ ကားမှန်များကွဲကြေနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။ “အဲနားမှာ ကားပဲမိုင်းဆွဲခံရတာလားမသိဘူး။ ကားမှန်တွေကြေ‌ပြီး တစ်လမ်းလုံးပြန့်ကြဲနေတာ။ ကားမိုင်းဆွဲခံရလို့ပဲ သုံးထပ်လမ်းအောက်ကလျိုထဲကို (စစ်ကောင်စီတပ်က) ပစ်ထည့်တာနေမယ်” ဟု ၎င်းမျက်မြင်တွေ့သူကဆိုသည်။ စစ်ကောင်စီတပ်မှာ မနက်ဝေလီဝေလင်းအချိန်ကပင် သုံးထပ်လမ်းအောက်ရှိ တောရှည်ကျေးရွာတစ်လျှောက်လုံးတွင်ရှိနေခဲ့ကြောင်း ဒေသခံများကဆိုသည်။

လောင်းလုံးပြင်းထိန်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 12, 2024

လောင်းလုံးမြို့နယ်၊ပြင်းထိန်ရွာတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၂) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ပြင်းထိန်ရွာသား ဦးကြည်လေးဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက ဝက်မွေးမြူရေးခြံကို အစာသွားကျွေးစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံ က သုံးချက်လောက်ကြားရတယ်။ သူက မွေးမြူရေးလုပ် လယ်စိုက်ပေါ့” ဟု ၎င်းကပြောသည်။ ဦးကြည်လေးကို ယခုရက်သတ္တပတ်အတွင်း၌ပင် PDF အဖွဲ့ တစ်ခု က လာရောက် သတိပေးခဲ့နောက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် မိသားစုက နေအိမ်သို့ သယ်ယူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ဝေဒီရွာသူ အမျိုးသမီးတစ်ဦးကို PDF အဖွဲ့ တစ်ဖွဲမှ ဖမ်းဆီးသွားခဲ့ပြီး နောက် […]

တနင်္သာရီတိုင်းသို့ ပြေးဆွဲသည့် အဝေးပြေးယာဥ်လိုင်းများ သင်္ကြန်ကာလ ရပ်နားမည်

Dawei Watch

April 11, 2024

ရန်ကုန်မှ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ယာဥ်လိုင်းများထံက သိရသည်။ သင်္ကြန်အကြိုရက် ဧပြီ ၁၃ ရက်မှ နှစ်ဆန်းနှစ်ရက် ဧပြီ ၁၈ ရက်အထိ ပြေးဆွဲမှု ရပ်နားမည်ဖြစ်ကြောင်း ရန်ကုန်-မြိတ်ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းဂိတ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဝေးပြေးကားလက်မှတ်ရောင်းသည့်အမျိုးသမီးတစ်ဦးကလည်း “ရန်ကုန်ကနေ မြိတ်ဆင်းတဲ့ ယာဥ်လိုင်းအားလုံးပိတ်တယ်“ ဟု ပြောသည်။ သင်္ကြန်ကာလတွင် ပိတ်ရက်မရှိပြေးဆွဲမည့်ယာဥ်လိုင်း ခြောက်လိုင်းနှင့် အရန်ယာဥ်များ ပြင်ဆင်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC တွဲဖက်အတွင်းရေးမှူးက ပြောဆိုထားသည်။ သို့သော် ယင်းသို့ ပြေးဆွဲရန် စီစဉ်ထားရာတွင် တနင်္သာရီတိုင်းသို့ ပြေးဆွဲမည့်အစီအစဉ် မပါဝင်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်က YRTC အဝေးပြေးဌာနသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးရာတွင် […]

စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်

Dawei Watch

April 10, 2024

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်ဖမ်းဆီးသွားသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဒေသခံ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ရန် ဧပြီလ ၂ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ပကာရီဒေသခံ ရှစ်ဦးကို ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ပကာရီရဲကင်းစခန်းမှတစ်ဆင့် ဒေသခံ နှစ်ဦးတစ်ကြိမ်၊ သုံးဦးတစ်ကြိမ် ရက်ခြားလွှတ်ပေးခဲ့ကြောင်း ပကာရီရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆက်လက်ဖမ်းဆီးခံထားရသည့် အသက် ၄၀ကျော်အရွယ် ကိုသားသားနှင့် နောက်ထပ် အမျိုးသားနှစ်ဦးတို့ကိုမူ ဧပြီလ ၉ရက်နေ့တွင် ပြန်လွှတ်ပေးကြောင်း ၎င်းက ဆိုသည်။ “သူတို့ကို ပြန်မလွတ် မလွတ်နဲ့ ဘုန်းကြီးက သွားပြီးထုတ်ပေးခဲ့တာမှာ မနေ့က ပြန်လွတ်ပေးလိုက်တာ” ဟု ပကာရီကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက […]