ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများတိုက်ခိုက်ခံရ၊ မြို့အနီးဝန်းကျင်ကို လေကြောင်းဖြင့်ပြန်လည်ပစ်ခတ်

Dawei Watch

May 9, 2024

‌လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီနောက် မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယနေ့ နံနက်တွင် လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ မေလ ၉ရက် နံနက် ၈ နာရီကျော်တွင် လောင်းလုံးမြို့အနီးသို့ တိုက်လေယာဉ်တစ်စင်း ပျံဝဲလာပြီး ဗုံး ငါးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ညင်းမော်ကျေးရွာအနီးသို့ ဗုံးကျရောက်‌ပေါက်ကွဲခဲ့ကြောင်း ကနဦးသတင်းရရှိထားသည်။ “ညင်းမော်ရွာနားမှာ ကျနေတယ်။ ဘယ်နေရာလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ အကုန်လုံးက ပြေးတဲ့သူပြေး ပုန်းတဲ့သူပုန်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာ” ဟု ရွာထဲတွင် ပိတ်မိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် လောင်းလုံးမြို့ ကျေးရွာများအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းလျက်ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။ လောင်းလုံးမြို့တွင်းရှိ စစ်ကောင်စီစခန်းအား ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ခိုက်နေသဖြင့် […]

ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီး ကနက်သီရိကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးနှစ်ဦးသေ

Dawei Watch

May 8, 2024

ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ယနေ့(မေ ၈) ညနေ ၄ နာရီခွဲခန့်တွင် ကနက်သီရိကျေးရွာ ဘောလုံးကွင်းနှင့် စာသင်ကျောင်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘောလုံးကန်ကစားရန် စောင့်ဆိုင်းနေသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့က ပြောသည်။ “လေယာဉ်လာသံတောင်မကြားလိုက်ဘူး၊ ဗုံးသီးကျသံကြားမှ ရုတ်တရက်နီးတဲ့နေရာ ဝပ်နေလိုက်ရတာ၊ ကလေးနှစ်ယောက်သေတယ်၊ လေးငါးခြောက်ယောက်လောက် ဒဏ်ရာရတယ်” ဟု ကနက်သီရိကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် ရငဲရွာနှင့် ကမြိုင်ရွာကြားကိုလည်း ဗုံးကြဲချခဲ့သဖြင့် ဆေးရုံအဆောက်အအုံနှင့် ဥယျာဉ်ခြံတချို့ ထိခိုက်ပျက်စီးသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ စခန်းသိမ်းတိုက်ပွဲက ပြန်လာသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကနက်သီရိ၊ ရငဲ၊ ကမြိုင်ကျေးရွာများကို […]

တိုက်ပွဲကြောင့် သရက်ချောင်းနှင့် ဘုတ်ပြင်းတွင် ခရီးသည်ရာချီပိတ်မိ

Dawei Watch

May 8, 2024

တိုက်ပွဲကြောင့် သရက်ချောင်းမြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကားများနှင့် ခရီးသည်ရာချီ ပိတ်မိနေဆဲဖြစ်ကြောင်း ကားမောင်းသူများနှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်၏ ပဲဒက်စခန်းနှင့် 1020 တောင်စခန်းနှစ်ခုကို တောင်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်မှ ဘုတ်ပြင်းအထိ ရန်ကုန်-ထားဝယ်- ကော့သောင်း အတက် အဆင်းကား အစီးရေ ၁၀၀ကျော် ပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ကားမောင်းသူအချို့က ဆိုသည်။ ပဲဒက်စခန်းမှာ သရက်ချောင်းနှင့် ပုလောလမ်းပိုင်းတွင်တည်ရှိပြီး 1020 တောင်စခန်းမှာ တနင်္သာရီနှင့် ဘုတ်ပြင်းကြားတွင် တည်ရှိသည်။ ခရီးသည်များ ပိတ်မိနေသည့် နေရာ နှစ်ခုစလုံးမှာ ရန်ကုန်-ထားဝယ်- ကော့သောင်းလမ်းတွင် ဖြစ်သည်။ မြိတ်မှ ရန်ကုန်သို့လာသည့် ကားတို့သည် […]

ကံပေါက်က CDM ဆရာမနှစ်ဦး ထောင်ဒဏ် လေးနှစ်စီချမှတ်ခံရ

Dawei Watch

May 8, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက CDM ဆရာမနှစ်ဦး ကို စစ်ကောင်စီက မေလ ၇ ရက် တွင် ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မောရဝတီရေတပ်က ဖမ်းဆီးသွားသည့် CDM ပညာရေးဝန်ထမ်း လေးဦးအနက် ကံပေါက်၊ မဂ္ဂင်ရပ်ကွက်က ဆရာမဒေါ်ယဥ်ယဥ်အေး နှင့် မိကျောင်းအိုင်ရပ်ကွက်က ဆရာမဒေါ်သက်သက်မော်တို့နှစ်ဦးကို ရေဖြူမြို့နယ် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ “အမိန့်ချပြီး ရေဖြူအချုပ်ကနေ ထားဝယ်ထောင်ကို ဒီနေ့ (မေ ၈) ပို့လိုက်တယ်။ အစ်မကတော့ လူငယ်ဆိုတော့ ကျန်းမာရေး သိပ်မထိခိုက်ပေမယ့် ဆရာမ (ဒေါ်ယဥ်ယဥ်အေး) ကတော့ အတော်လေးပိန်သွားတယ်” ဟု ဆရာမ ဒေါ်သက်သက်မော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ […]

ထားဝယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှု ပိုဆိုးလာ

Dawei Watch

May 8, 2024

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနေသည့် ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်‌နေကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်တွင်ရှိ နေရာအချို့တွင်မူ ဒရုန်းရန်ကို ကာကွယ်ရန် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) များ တပ်ဆင်ထားသည်။ ထို့ကြောင့် ယခင်ကပင် ထိုနေရာများတွင် ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ ယခင်က မပြတ်ဖူးသည့် နေရာအချို့တွင်ပါ ပြတ်တောက်လာကြောင်း မြို့ခံတို့က ပြောဆိုသည်။ အလားတူ အင်တာနက်လိုင်းမှာလည်း ယခင်ကထက် ပြတ်တောက်မှု များလာကြောင်း မြို့ခံတို့က ဆိုသည်။ “မီးက ပျက်ချင်နေတဲ့ကြားထဲမှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ခဏခဏပြတ်နေတော့အခုဆို ပစ္စည်းမှာထားတဲ့ သူတွေနဲ့ ခဏခဏ ပြဿနာတက်နေရတယ်” ဟု ထားဝယ်မြို့ခံ အွန်လိုင်းဈေးရောင်းသူ မကေသွယ်က ပြောသည်။ နယ်ကျေးရွာတို့တွင်လည်း အလားတူပင် ဖုန်းလိုင်း၊ […]

လောင်းလုံးတွင် ကစားဝိုင်းထောင်လေ့ရှိသူ အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

May 8, 2024

လောင်းလုံးမြို့နယ် တောရှည်ရွာတွင် လောင်းကစားဝိုင်းထောင်ကာ ငွေကြေးကောက်ခံလေ့ရှိသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူ အသက် ၅၀ ဝန်းကျင်အရွယ်ရှိသည့် တောရှည်ရွာသား ဦးမောင်အေးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ မေလ ၃ ရက် မွန်းလွဲပိုင်းတွင် တောရှည်ရွာအနီး ပြုလုပ်နေသည့် လောင်းကစားဝိုင်းသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူက လက်ရှိအုပ်ချုပ်ရေးမှူးနဲ့ တတွဲတွဲလည်းဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့လည်း အဆက်အဆံရှိတယ်” ဟု ၎င်းက ပြောသည်။ ဦးမောင်အေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေသောင်ယံတပ်စုက သွားရောက်ရှင်းလင်းခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၇ ရက်တွင် ထုတ်ပြန်သည်။ ဦးမောင်အေးသည် လောင်းကစားဝိုင်းထောင်ကာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့သူဖြစ်ပြီး ပျူစောထီးအဖွဲ့အတွက်လည်း အရေးပါသူဖြစ်ကြောင်း ဖော်ပြသည်။ သွားရောက်ရှင်းလင်းချိန်တွင် […]

စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ခုခံနေသည့် သရက်ချောင်း ပဲဒက်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းယူ

Dawei Watch

May 8, 2024

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ တို့ဖြင့် ခုခံကာကွယ်နေသည့် သရက်ချောင်းမြို့နယ် ပဲဒက်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက်တွင် သိမ်းယူရရှိကြောင်း တော်လှန်ရေးအဖွဲ့များက အတည်ပြုသည်။ မေလ ၅ ရက် နံနက်မှစတင်ပြီး ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လေးရက်မြောက်နေ့တွင် ပဲဒက်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်ကာလတွင် စစ်တပ်က K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲပြီး တိုက်ခိုက်ခဲ့သလို ပဲဝရွာ ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရသည်။ ယနေ့ မေလ ၈ ရက် နံနက် ၈ နာရီခန့်တွင် […]

ကံပေါက်တွင် မီးလိုင်းချို့ယွင်းသဖြင့် ထားဝယ်ခရိုင် ဓာတ်အားပြတ်တောက်ဟုဆို

Dawei Watch

May 7, 2024

ကံပေါက်စက်ရုံမှ ထားဝယ်မြို့သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်း ချို့ယွင်းသွားသဖြင့် ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း Petrol &Trans ကုမ္ပဏီက ထုတ်ပြန်သည်။ လုံခြုံရေး အခြေအနေကြောင့် ချို့ယွင်းမှုဖြစ်ပေါ်သွားသည့် ၆၆ ကေဗွီလိုင်းအား ညတွင်းချင်း စစ်ဆေးနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်အားပြတ်တောက်နေချိန်အတွင်း ဒီဇယ်ဆီသုံး အရံမီးစက်တို့ဖြင့် ဒေသအလိုက် ၂ နာရီစီ အလှည့်ကျ ဓာတ်အားဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကုမ္ပဏီသည် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များ ချို့ယွင်းနေချိန် ဓာတ်အား အလှည့်ကျပေးဝေမည့် ဇယားအား နှစ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်အချိန်အတိုင်း ဓာတ်အား အပြည့်အဝပေးနိုင်ခြင်းမရှိဖြစ်နေသည်။ ယင်းအပေါ် ဒေသခံပြည်သူများက ကုမ္ပဏီအပေါ် ဝေဖန်မှုမြင့်တက်လျှက်ရှိသည်။