ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်း ကနက်သီရိရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ကြည်း ရေ လေတို့ဖြင့် ပစ်ခတ်

Dawei Watch

May 14, 2024

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် လေယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့်ပါ ပြန်လည်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ကနက်သီရိရွာ ပင်လယ်ဝကို စစ်သင်္ဘောနှစ်စင်းရောက်ရှိနေပြီး လှေငယ်နှစ်စီးဖြင့်တက်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ မေလ ၁၄ ရက် နံနက် ၇ နာရီခန့်မှ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ရေတပ်စစ်သင်္ဘောက ကနက်သီရိကျေးရွာဘက်ကို ယနေ့ ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်နေကြောင်း ကနက်သီရိရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ “ပစ်နေတာကတော့ တစ်မနက်လုံးပဲ ပစ်နေကြတယ်။ အခုညနေ ၄ နာရီလောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲ သွားတယ်။ နေရာကတော့ ကနက်သီရိလို့ပဲ သိထားတယ်။ ဘယ်နေရာတွေဆိုတာတော့ အတိအကျမသိဘူး။ […]

ရန်ကုန်-ကော့သောင်းလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့် ကုန်စည်များဆုံးရှုံး

Dawei Watch

May 14, 2024

ရန်ကုန်-ကော့သောင်းလမ်းပိုင်းတစ်လျှောက် တိုက်ပွဲများကြောင့် ကားလမ်းပိတ်နေသဖြင့် ကုန်စည်ဆုံးရှုံးမှုများနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောသည်။ ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း လမ်းတစ်လျှောက်တွင် နှစ်ဖက်တိုက်ပွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကားလမ်းပိတ်နေကြောင်း ၎င်းတို့က ဆိုသည်။ မေလ ၁၁ ရက်နေ့က ဘီးလင်းနှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် တံတားကျိုးကျသွားသဖြင့် ရှောင်ကွင်းလမ်းက သွားရာတွင်လည်း လမ်းကျဉ်းသောကြောင့် ကားရာချီ ပိတ်မိနေသည်။ ထို့ကြောင့် ထားဝယ်ဒေသမှ ရန်ကုန်သို့ တင်ပို့မည့် ကုန်စည်ပစ္စည်းများ ဆုံးရှုံးနေကြောင်း ကုန်သည်အချို့နှင့် ကားသမားများက ပြောဆိုသည်။ ထားဝယ်မှ ရန်ကုန်သို့ ကဏန်းတင်ပို့ရောင်းချနေသူတစ်ဦးကလည်း ဘီးလင်း-သထုံအစပ်က ကျုံအိတ်တံတား မိုင်းခွဲခံရမှုကြောင့် ကားဆက်သွားမရဖြင့် ကဏန်းခြင်းများ ပြန်ရောက်လာကြောင်း ဆိုသည်။ “ဆုံးရှုံးမှုတွေကတော့ ရှိတာပေါ့။ ဟိုဘက်ကို ကျော်မရတော့ ဒီဘက်ကို ပြန်လှည့်လာတာမှာ ကဏန်းအသေအပျောက် များတာပေါ့။ […]

ထားဝယ်အိမ်ရှေ့ပြင်ဂိတ်ပစ်ခတ်မှုတွင် ဒေသခံသုံးဦးဒဏ်ရာရ၊ ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

May 14, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် ဒေသခံအမျိုးသားသုံးဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခြားဒေသခံနှစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုခံခဲ့ရကြောင်း မြို့ခံများထံမှသိရသည်။ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကျော်ခန့်တွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာတွင် ဂိတ်အနီးရှိအရပ်သားအမျိုးသားတစ်ဦးနှင့် ခရီးသွားအမျိုးသားတစ်ဦးတို့ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရရှိခဲ့ပြီး ခုခံပစ်ခတ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းသေဆုံးခဲ့ကြောင်း Dawei Watch ကစုံစမ်းသိရှိရသည်။ ယင်းနောက်လာရောက်ပစ်ခတ်သည့် လမ်းကြောင်းကိုစစ်ကောင်စီတပ်က လိုက်လံရှင်းလင်းစဉ်တွင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံများကပြောသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကိုင်တပ်များ ဆုတ်ခွာသည့်လမ်းကြောင်း တစ်လျှောက် ကို ဇဟာရွာအခြေစိုက်အမြောက်တပ်က လိုက်လံပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်သည့်လက်နက်ကြီးမှာ မောင်မယ်ရှောင်ရွာအရှေ့ပိုင်းသို့ကျရောက်ပြီး နေအိမ်နှစ်ဆောင် ထိမှန်ပျက်စီးကာ အသက် ၆၀ အရွယ်ရှိ […]

သရက်ချောင်းဒေသခံ ငါးထောင်ကျော် တိမ်းရှောင်နေရဆဲ

Dawei Watch

May 13, 2024

သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးအနားက ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် စစ်‌ကောင်စီတပ်က မေလ ၈ ရက်၊ ၁၀ ရက်တို့တွင် ကနက်သီရိအပါအဝင် အနီးအနားကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် လူငယ်နှစ်ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသားသုံးဦး သေ‌ဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ၉ ဦး ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းအပြင် ကနက်သီရိရွာ အထက်ကျောင်း‌တစ်ကျောင်း၊ ရငဲရွာရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။ […]

ထားဝယ်တွင် လျှပ်စစ်မီး တစ်ရက် အနည်းဆုံး ကိုးနာရီကြာ အလှည့်ကျပေးတော့မည်ဟု လျှပ်စစ်ကုမ္ပဏီဆိုပြန်

Dawei Watch

May 13, 2024

ထားဝယ်ခရိုင်တွင် မီးစက်နှစ်လုံး ပြုပြင်ပြီးဖြစ်သောကြောင့် တစ်ရက်လျှင် အနည်းဆုံး ၉နာရီမှ အများဆုံး ၁၅ နာရီအထိ အလှည့်ကျ မီးပေးတော့မည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် Petro & Trans ပုဂ္ဂလိက ကုမ္ပဏီက ထုတ်ပြန်သည်။ ထားဝယ်ခရိုင်အတွင်း အလှည့်ကျဓာတ်အားပေးမည့် အချိန်ဇယားကို အဆိုပါကုမ္ပဏီက ယနေ့ မေလ ၁၃ ရက်တွင် ပြင်ဆင်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခြင်းဖြစ်သည်။ ယခုအကြိမ်မှာ တတိယအကြိမ်ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်သည်။ ပထမအကြိမ်တွင် အုပ်စု A နှင့် အုပ်စု B ဟု နှစ်အုပ်စုခွဲပြီး အုပ်စုတစ်အား ၆ နာရီအကြာ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် ဒုတိယအကြိမ် ပြန်ပြင်ဆင်ခဲ့ပြီး A၊ B၊ C ဟု အုပ်စု သုံးစုခွဲပြီး တစ်အုပ်စုလျှင် ၄ […]

ထားဝယ်အိမ်ရှေ့ ပြင်ဂိတ်အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြို့ဝင်ထွက်ဂိတ်များပိတ်ထား

Dawei Watch

May 13, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ယနေ့ မေလ ၁၃ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ဂိတ်များကို ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ ရန်ကုန်-ထားဝယ် ကာလမ်းပေါ်ရှိ အိမ်ရှေ့ပြင်ဂိတ်ကို ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ရမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နှစ်ဖက် ပစ်တယ်။ အရပ်သားတွေလည်း ထိထားတယ်၊ ဆိုးဆိုးရွားရွားပဲ” ဟု ၎င်းက ပြောသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဂိတ်အနီးရှိ အရပ်သားနှစ်ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လောလောဆယ်ဒီမှာ အသုဘပို့ယာဉ်တန်းတွေပါ ပိတ်မိနေတယ်” ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။ ယင်းအပြင် အိမ်ရှေ့ပြင်ဂိတ်မှာ ခုနစ်မိုင်ခန့်ဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း လက်နက်ကြီး […]

ထားဝယ်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

May 13, 2024

ထားဝယ်မြို့ ပေါ် ၌ မေလ ၁၂ ရက်ည သန်းခေါင်ယံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့် နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ သဲကွင်းအနီး၊ ကမ်းနားလမ်း၌ ည‌ ၁၁ နာရီကျော်‌တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲသံတစ်ချက် ကြားရပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း မြို့ခံတို့က ဆိုသည်။ “ပေါက်ကွဲသံကြားပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာပဲ” ဟု မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်ကောင်စီ ကင်းလှည့်နေသည့် ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှစုံစမ်းသိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ “မိုင်းဆွဲခံရတဲ့ ကားက သုံးယောက်သေတယ်လို့ ကြားရတယ်။ ထုတ်ပြန်လိမ့်မယ်ထင်တယ်” ဟု ၎င်းက […]

မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ကံပေါက်အဝင်လမ်းပိတ်ထား

Dawei Watch

May 11, 2024

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်က မေလ ၉ ရက်နှင့် ၁ဝ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့ (မေ ၁၁)တွင် ကံပေါက်တိုက်နယ် အဝင်လမ်းကို ပိတ်ထားသည်ဟု ဒေသခံများထံကသိရသည်။ “မနက်ပိုင်း ကားစထွက်ချိန်ကစပြီး ဂန့်ဂေါ်တောင်သစ်တောရုံးဂိတ်က ပေးမဖြတ်တော့လို့ ပြန်လှည့်လာရတယ်။ ထားဝယ်ကားတွေလည်း မဆင်းလာကြဖို့ အကြောင်းကြားလိုက်ရတယ်” ဟု ကံပေါက်ရွာက ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။ လမ်းပြန်ဖွင့်မည်အချိန်နှင့်နေရက်ကို ပြန်လည်ပြောကြားခြင်းမရှိသေးသဖြင့် မနက်ဖြန်တွင်လည်း လမ်းဖွင့်ရန်မသေချာသေးကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်ပင် စစ်ကောင်စီက ယင်းဂိတ်တွင် ၄ ကြိမ်ထက်မနည်းလမ်းပိတ်ခဲ့ပြီး အများဆုံး ၂ ရက်ကြာအထိပိတ်ခဲ့ဖူးသည်ဟု ၎င်းကဆက်ပြောသည်။ ရေး – ထားဝယ် ကားလမ်းပိုင်းတွင်မူ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ယာဉ်မောင်းများထံကသိရသည်။ ကံပေါက်လမ်းပိုင်း မပိတ်မီ မေလ ၉ ရက်နှင့် […]