ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်ဒေသတွင် တောင်သူလက်ထဲ ကွမ်းသီးပြတ်ချိန်ဈေးထိုးတက်

Dawei Watch

May 17, 2024

ထားဝယ်ဒေသ၌ တောင်သူများထံတွင် ကွမ်းသီးပြတ်လပ်သွားချိန်တွင် ကွမ်းသီးဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဝန်းကျင်က ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်သုံးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိရာမှ ယခုလဆန်း ပိုင်းမှစကာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဝန်းကျင်ရှိလာကြောင်း တောင်သူများနှင့် ပွဲရုံပိုင်ရှင်အချို့ထံမှ သိရသည်။ နှစ်စဉ် အောက်တိုဘာလတွင် ကွမ်းသီးစပေါ်လေ့ရှိပြီး လက်ရှိကာလတွင် ကွမ်းသီးထွက်ရှိခြင်း မရှိတော့ပေ။ ထို့ကြောင့် တောင်သူများလက်ဝယ်တွင် ကွမ်းသီးမရှိတော့ဘဲ ပွဲရုံများနှင့် ဝယ်ပြီးသိုလှောင်ထားသူများထံတွင်သာ ရှိတော့သည့် အချိန်လည်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များက ပွဲရုံများတွင် တောင်သူပိုင်ကွမ်းသီးကို ထားသိုခွင့်ပေးသော်လည်း ယခုနှစ်တွင်မူ ဈေးတက်သည့်အချိန်ထိ ထားခွင့် မပေးတော့ကြောင်း ထားဝယ်အရှေ့တောဒေသ ဝကုန်ရွာက ကွမ်းသီးတောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ ပွဲရုံပိုင်ရှင်များက ကွမ်းသီးထားသိုခွင့်မပေးတော့ဘဲ တောင်သူများကို ငွေပေးချေလိုက်သဖြင့် တောင်သူများလက်ဝယ် လက်ကျန်ကွမ်းသီး မရှိတော့ကြောင်း ၎င်းက ဆိုသည်။ “အခု သုံးလပိုင်းတုန်းက […]

အပူဒဏ်ကြောင့် သီးပင်စားပင်များသေဆုံး

Dawei Watch

May 17, 2024

ယခုနှစ်နွေရာသီ၌ အပူချိန်ပြင်းထန်ပြီး ရေရှားပါးမှု အခက်ခဲတို့ကြောင့် သီးပင်စားပင်များသေဆုံးမှုများကြောင်း ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ သံပရာပင်၊ ဒူးရင်း၊ ကွမ်းသီး အစရှိသည့် နှစ်ရှည်သီးနှံပင်များသေဆုံးနှုန်းများနေသည့်အပြင် အသီးလည်း မသီးနိုင်ကြကြောင်း ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံပိုင်ရှင်အချို့က ဆိုသည်။ ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ သံပရာခြံများမှာ အပင်သေဆုံးမှုများပြားနေကြကြောင်း သံပရာစိုက်တောင်သူအချို့ထံမှ သိရသည်။ “အရင်က မဖြစ်ဖူးဘူး ။ ရာသီဥတုကြောင့်ပဲ ဆိုရမယ်။ သံပုရာပင်တွေ အသီးသီးပြီးတာနဲ့ ခြောက်ပြီး သေသွားတယ်” ဟု ကလိန်‌အောင်ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင်လည်း ရာသီဥတုပူပြင်းသဖြင့် ကွမ်းသီးပင်အချို့သေဆုံးပြီး ဒူးရင်းပင် များလည်း အသီးနောက်ကျနေကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ “အခုနှစ်က အပူဒဏ်ခံနိုင်တဲ့ သီဟိုဠ်ပင်တွေတောင် ဝါတယ်။ ဒူးရင်းလည်း အသီးနောက်ကျတယ်။ အခုထိ ကောင်းကောင်း မသီးသေးဘူး” ဟု […]

ဇဟာရွာ စာသင်ကျောင်းတွင် တပ်လာစွဲသည့် စစ်ကောင်စီတပ်ကို PDF လာရောက်ပစ်ခတ်

Dawei Watch

May 16, 2024

ထားဝယ်မြို့နယ် ဇာဟာရွာစာသင်းကျောင်းတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၁၅ ရက် ညနေပိုင်း တွင် PDF အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီး ပစ်ခတ်သံများ ညနေ ၅ နာရီခွဲဝန်းကျင်တွင် စတင်ကြားရပြီး ၄၅မိနစ်ခန့်ကြာ အပြန်လှန်ပစ်ခတ်ပြီးနောက် ငြိမ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်ရွာလုံး ဝပ်နေရတယ်။ ဇဟာ-မောင်မယ်ရှောင်လမ်းပိုင်းတစ်ခုလုံး တိတ်ဆိတ်နေတာပဲ” ဟု ၎င်းက ပြောဆိုသည်။ လက်နက်ကြီးသံများကို ထားဝယ်မြို့တွင်းရှိ ရပ်ကွက်များမှ ဒေသခံများလည်း ကြားကြရကြောင်း ဝဲကျွန်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ မည်သည့် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။ မေလ ၁၃ ရက်နေ့က ထားဝယ်မြို့ အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၆) ၊တပ်ရင်း […]

ထားဝယ်မြို့အဝင်၌ မကွဲဘဲကျန်သည့် လက်နက်ကြီးကျည် စစ်ကောင်စီတပ် လာရှင်း

Dawei Watch

May 16, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင် မကွဲသေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်တစ်လုံးကို ယနေ့ မေလ ၁၆ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အိမ်ရှေ့ပြင်ရပ်ကွက် ရေးလမ်းရှိ သဂရရွှေပြည်ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခြံတစ်ခြံတွင် မြေကြီးထဲ စိုက်ဝင်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို ခြံပိုင်ရှင်စတင်တွေ့ရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ဒီနေ့ သူ့ခြံကို သစ်ပင်ရေလောင်းသွားရာက တွေ့တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါလက်နက်ကြီးကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ မိုင်းရှင်းလင်းရေးအဖွဲ့ လာရောက်ရှင်းလင်း သိမ်းဆည်းသွားကြောင်း မြို့ခံတို့က ပြောဆိုသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ယနေ့ နံနက်ပိုင်းတွင် အိမ်ရှေ့ပြင်ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားများကို ပြောင်းရွှေ့ခိုင်းထားသည်ဟု ထားဝယ်မြို့ပေါ်တွင် ကောလာဟလထွက်ပေါ်ခဲ့ ကြောင်း မြို့ခံများက ဆိုသည်။ […]

သရက်ချောင်း၊ ကနက်သီရိရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးထပ်ကြဲ

Dawei Watch

May 15, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက်မှာလည်း လေယာဉ်ဖြင့် ထပ်မံဗုံးကြဲပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီ၏ ပဲဒက်စခန်း သိမ်းယူခံရပြီးနောက် မေလ ၈ ရက်၊ ၁၀ ရက်၊ ၁၄ ရက်နေ့တွင် လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့သည်။ ယနေ့မှာ လေးရက်မြောက် ဗုံးကြဲခြင်းဖြစ်သည်။ မေလ ၁၄ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို မွန်းလွဲ ၂နာရီခွဲခန့်တွင် လေယာဉ်နှစ်စီးဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ရွာအစပ်တွေကို ဗုံးကြဲတယ်။ ရွာထဲကိုလည်း ဗုံးကြဲတယ်။ […]

မောင်းမကန်တွင် သွပ်ပြားတက်မိုးသည့် အမျိုးသား ဓာတ်လိုက်သေဆုံး

Dawei Watch

May 15, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ မေလ ၁၅ ရက် နေလယ်ပိုင်းတွင် နေအိမ်ရှေ့တွင်ရှိသည့် ဆိုင်ခန်း သွပ်ပြားတက်မိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။ ဓာတ်လိုက်သေဆုံးသူမှာ မောင်းမကန်ရွာသား အသက် ၃၀ ကျော်အရွယ်ရှိ ကိုလွင်ဖြိုးဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုလွင်ဖြိုးသည် နေ့လယ် ၁၂နာရီ လျှပ်စစ်ဓာတ်အားပြန်လာချိန်တွင် လျှပ်စစ်အသုံးပြုကာ သွပ်ပြားမိုးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အော်သံတစ်ချက်ကြားလို့ တက်ကြည့်ရာက လဲနေတယ်။ မီးကြိုးပဲ ပေါက်နေလား၊ သွပ်ပြားနဲ့ လျှပ်စစ်ဓာတ်ကြိုးနဲ့ ငြိတာလားတော့ ဘယ်သူမှာမသိဘူး။ အဲဒီကတည်းက သေသွားပုံရတယ်” ဟု ၎င်းက ပြောသည်။ ဓာတ်လိုက်ခံရပြီးနောက် ကိုလွင်ဖြိုးကို ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားသော်လည်း အသက်ကို ကယ်တင်နိုင်ခြင်း မရှိတော့ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။ […]

ရေဖြူ ဇာဒီရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး ရွာသားများထွက်ပြေး

Dawei Watch

May 15, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာ ယနေ့ မေလ ၁၅ ရက် နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားထိခိုက်မှုရှိကာ ရွာသားများ ထွက်ပြေးနေရကြောင်း ရွာသားများက ပြောသည်။ ဇာဒီရွာ မြောက်ဘက်တွင်ရှိသည့် မောရဝတီရေတပ်က ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “အိမ်တစ်လုံး ထိပြီး လူတစ်ယောက် ထိတာတော့ သိထားရတယ်။ အားလုံး ပြေးလွှားနေရတယ်။ အခြေအနေ မငြိမ်သေးလို့ အတိအကျ မသိရသေးဘူး” ဟု ရှောင်တိမ်းနေရသည့် ရွာသားတစ်ဦးက ပြောဆိုသည်။ လက်ကြီးပစ်ခတ်သံကို ဇာဒီရွာနှင့် ကျေးရွာနှစ်ရွာအကွာရှိ ကံပေါက်ရွာကပင် ကြားရကြောင်း ကံပေါက်ရွာ၊ ဗိုလ်ချုပ်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ မေလ ၁၃ ရက်ကလည်း ဇာဒီရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရောက်နေသည်ဟုဆိုကာ မောရဝတီရေတပ်က ကားနှစ်စီးဖြင့် ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် လာရောက်ကင်းပုန်းချထားကြောင်း ဒေသခံများထံမှ သိရသည်။ […]

ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ကိုင်းခြံများကို စစ်ကောင်စီတပ်က တောနင်းရှာ

Dawei Watch

May 14, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ပြောင်းဖူး၊ ခရမ်းသီး စသည့် ကိုင်းသီးနှံများ စိုက်ပျိုးသည့်ခြံများကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တောနင်းရှာဖွေ နေကြောင်း ကိုင်းစိုက်တောင်သူများထံမှ သိရသည်။ ကလိန်အောင်ချောင်းဘေးတစ်လျှောက်တွင် ကိုင်းသီးနှံ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယင်းလုပ်ငန်းမှာ ဒေသခံအများစု၏ အဓိက စီးပွားရေးလည်း ဖြစ်သည်။ “ခြံသွားတဲ့ လူကြီးတစ်ယောက်ကို လမ်းပြဖမ်းခေါ်သွားပြီး ကိုင်းခြံတွေမှာ စစ်တပ်က လိုက်ရှာနေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။ မေလ ၁၃ ရက်က မိကျောင်းလှောင်ရွာသစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု ဆိုကာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့တွင်တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “PDF တွေ ရွာသစ်ရောက်နေတယ်ဆိုပြီး လက်နက်ကြီးလှမ်းထုတာ။ မနေ့က (မေ ၁၃) နေ့လယ်ပိုင်း အိမ်တံခါးတွေ ပိတ်ပြီးနေရတယ်” […]