လောင်းလုံးမြို့အနီး စစ်ကောင်စီတပ်ဖမ်းသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရ
Dawei Watch
September 11, 2024လောင်းလုံးမြို့အနီး သဗျာကျေးရွာနှင့် ရွာဟောင်းဝကျေးရွာတို့တွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရဘဲဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းက အဆိုပါဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းးဖြစ်ကြောင်း ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ရွာဟောင်းဝရွာရှိနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အသက် ၂၀ ဝန်းကျင်အရွယ် လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ဖမ်းသွားတာက ရွာဟောင်းဝရွာလမ်းဆုံမှာ။ ဆိုင်ကယ်ရောလူပါဖမ်းသွားတယ်” ဟု ဖမ်းဆီးသွားသည်ကို မျက်မြင်တွေ့ရသူအား ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ကြောင်းသည် သဗျာကျေးရွာသို့ဆက်လက်ရောက်ရှိလာပြီး နေအိမ်အချို့ဟာ မွှေနှောက်ရှာဖွေကာ ရွာခံတစ်ဦးနှင့် စစ်ဘေးရှောင်နှစ်ဦးတို့ကို တွေ့ရှိသဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဖမ်းခံရတဲ့ တစ်ယောက်ကတော့ ရွာခံပဲ။ ကျန်တဲ့နှစ်ယောက်က စစ်ဘေးရှောင်တွေ။ […]


