နယ်မြေမအေးချမ်း၍ သံတိုသံစဝယ်သူများ အလုပ်ရပ်နားမှုများလာ
Dawei Watch
December 27, 2024ထားဝယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် နယ်မြေမအေးချမ်းသဖြင့် သံတိုသံစ ဝယ်ယူရောင်းချသူများ အလုပ်ရပ်နားရမှုများလာပြီး စားဝတ်နေရေး ခက်ခဲနေကြကြောင်း သိရသည်။ ယခုနှစ် ဧပြီလလောက်မှစပြီး လုပ်ငန်းရပ်နားထားရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကြောင်း သံတိုသံစ ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးသူများကပြောသည်။ သရက်ချောင်း၊လောင်းလုံး၊ရေဖြူ စသည့်မြို့နယ်များတွင် ယခုနှစ်ဧပြီလကစပြီး စစ်ရေးတင်းမာကာ တိုက်ပွဲများများ ခပ်စိပ်စိပ်ဖြစ်လာခြင်းကြောင့် နယ်ဒေသများသို့ သွားရောက်ကာ သံတိုသံစဝယ်ရန် ခက်ခဲလာသည်ဟု ထားဝယ်မြို့ပေါ်မှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသည့် နယ်လှည့်သံတိုသံစ အရောင်းဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။ “ပစ္စည်းက နယ်မှာပဲရှိတယ်။ သံ ၊ဘီယာဘူးခွံ အစရှိသဖြင့်ပေါ့။ အခု နောက်ပိုင်း ကြောက်နေရတယ်။ ကိုယ်ကသံပစ္စည်းဝယ်ဖို့လာတာပဲ ဒါပေမဲ့ ရွာတွေ ရောက်ရင် မျက်နှာစိမ်းတွေဆို ကွက်ကြည့် ကွက်ကြည့်၊ စေ့စေ့ကြည့် အဲလိုမျိုးတွေ ဖြစ်လာတော့ ကျွန်တော်တို့လည်းသွားရတာ […]


