ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် လျှစ်စစ်မီး အချိန်ပိုင်းသာရမည်
Dawei Watch
December 24, 2024ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် ဒီဇင်ဘာလ ၂၅ရက်တွင် လျှပ်စစ်ဓာတ်အား အလှည့် ကျဖြင့် အချိန်ပိုင်းသာဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီမှစပြီး ဒီဇင်ဘာလ ၂၆ ရက် နံနက် ၆ နာရီထိ ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျသာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆နာရီမှစ၍ ပြုပြင်ထိန်းသိမ်း မည်ဖြစ်သဖြင့် ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျဖြန့်ဖြူးမည်ဟု ဆိုသည်။ “တစ်နေ့တာပါပဲ။ လိုင်းတာဝန်ရှိသူတွေ လိုင်းစစ်ပြီး ပြုပြင်မှာမို့ ဖီဒါအလိုက်အလှည့်ကျပိတ်ပြီး […]


