လောင်းလုံးတွင် စစ်ရေးတင်းမာနေချိန် ဘုန်းကြီးအားထွက်ရှာသည့် ရွာသားငါးဦးဖမ်းဆီးခံရ
Dawei Watch
December 30, 2024လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေချိန် စစ်ရှောင်နေရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားသည့် ဘုန်းကြီးအား လိုက်လံရှာဖွေသော ရွာသားငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ ရွာကျောင်းထိုင်ဘုန်းကြီးနှင့် အဆက်အသွယ်မရသဖြင့် အောက်ကျောက်ဝပ်ရွာသားငါးဦးသည် ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းတွင် ထွက်ရှာရာမှ အောက်ကျောက်ဝပ်ရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူများမှာ ဦးထွန်းရွှေ၊ ဦးဂျပန်၊ ကိုသားသား၊ ဦးကျော်စိုး၊ ကိုခင်မောင်မျိုးတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သူတို့က အခြေအနေကြည့်ပြီး ရွာထဲသွားရာကနေ ကိုယ်ရောင်ဖျောက်နေတဲ့ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် ဒီဇင်ဘာလ ၂၉ရက် ညနေပိုင်းတွင်လည်း စစ်ဘေးရှောင်နေသည့်နေရာမှ ကျေးရွာအတွင်းသို့ သွားသည့် အောက်ကျောက်ဝပ်ရွာသူ၊ ရွာသားတစ်ဆယ်ကျော်မှာလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည့်အတွက် စိုးရိမ်နေရ ကြောင်း […]


