ထားဝယ် အာယုဒါနအဖွဲ့ အောက်ဆီဂျင်ထုပ်လုပ်မှု ငါးရက်နားမည်
Dawei Watch
January 9, 2025အာယုဒါနအရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေး (ထားဝယ်) ၏ အောက်ဆီဂျင် ထုတ်လုပ်မှုကို ငါးရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ အောက်ဆီဂျင် ထုတ်လုပ်ပေးနေသည့် စက်နှစ်လုံးစလုံး ပြုပြင်မည်ဖြစ်သောကြောင့် ဇန်နဝါရီ ၁၀ ရက် သောကြာနေ့မှစပြီးဇန်နဝါရီလ ၁၄ ရက် အင်္ဂါနေ့အထိ ရပ်နားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာထားသည်။ သုံးနှစ်ဆက်တိုက် ထုတ်လုပ်လာသည့်စက်ကို ချွတ်ယွင်းချက်ကင်းကင်းနှင့် ဆက်တိုက် အသုံးပြုနိုင်ရန် ပြန်လည်စစ်ဆေးပြုပြင်ခြင်းဖြစ်ကြောင်း အာယုဒါန အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ (ထားဝယ်) ၏ တာဝန်ရှိသူက ဆိုသည်။ “စက်အငယ်ကျတော့ ပြင်နေဆဲပဲရှိသေးတယ်။ အခုစက်ကြီးကျတော သုံးနှစ်ဆက်တိုက် မောင်းလာတဲ့ အခါကျတော့ ပြန်လည်စစ်ဆေးပြုပြင်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များကို ပြန်လည် ပြုပြင် နေစဉ်အတွင်း ၄၀ […]


