ကျောက်နီမော် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၍ ဒေသခံများ၏ နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့
Dawei Watch
September 10, 2024လောင်းမြို့နယ်၊ ကျောက်နီမော်ရွာ အခြေစိုက် ပျူစောထီး(ခေါ်)ပြည်သူစစ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ နေအိမ်နှစ်ဆောင်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။ ယနေ့(စက်တင်ဘာ ၁၀)မနက်စောစောတွင် ရေကြောင်းဖြင့်လာသည့် စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ မီးရှို့ခံရသည့်အိမ်နှစ်ဆောင်မှာ ကျောက်နီမော်ရွာ အထက်ကွက်သစ်ရပ်ရှိ NLD ပါတီနှင့် နီးစပ်သူများ၏ နေအိမ်များဖြစ်သည်။ “သူတို့က ဝင်လာကတည်းက တိုက်ပွဲဖြစ်နေသလို ပစ်ခတ်ပြီးဝင်လာတယ် အထက်ကွက်သစ်က အိမ်နှစ်ဆောင်ကိုမီးရှို့ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် လူမရှိသည့်နေအိမ်အချို့ကိုလည်း ရိုက်ဖျက်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ကျောက်နီမော်ရွာတွင် အခြေစိုက်သည့် ပျုစောထီး(ခေါ်) ပြည်သူ့စစ် အခြေစိုက်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၉ ရက်နေ့က တိုက်ခိုက်မီးရှို့ခဲ့သည်။ သုံးနာရီကျော်ကြာအပြန်အလှန်ပစ်ခတ်မှုတွင် ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။ သေဆုံးခဲ့သည့် ပျူစောထီးနှစ်ဦးမှာ […]


