မောင်းမကန်ရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
Dawei Watch
August 21, 2024လောင်းလုံးမြို့နယ် နာမည်ကျော်ကမ်းခြေရှိသည့် မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးဒါဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် မောင်းမကန်ရွာအတွင်းတပ်ဖြန့်နေရာယူပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးတစ်လုံးသည် မောင်းမကန်ကျေးရွာအတွင်းရှိ အန်တောပြင် ဘောလုံးကွင်းအနီး ကျရောက်ပေါက်ကွဲရာ အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “(ကျည်စ) အစမှန်သွားတယ်။ ဒဏ်ရာက ကြီးကြီးမားမား မဟုတ်ဘူး” ဟု ၎င်းဒေသခံက ပြောသည်။ စစ်ကောင်စီစစ်ကြောင်းသည် ခရီးသွားပြည်သူများကိုလည်း စစ်ဆေးခဲ့ပြီး မောင်းမကန်သင်္ချိုင်းအနီး စစ်ဆေးနေစဉ် ဆိုင်ကယ် နောက်ပြန်လှည့်မောင်းထွက်သွားသည့်အမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ “လူကတော့ မထိဘူး။ လွတ်သွားတယ်ပြောတယ်” ဟု […]


