ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး လဝကရုံးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးဟုဆို

Dawei Watch

August 12, 2024

လောင်းလုံးမြို့ လဝကရုံးရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ ထံမှ သိရသည်။ ဩဂုတ်လ ၁၀ရက် မွန်းတည့် ၁၂နာရီခန့်တွင် လဝကရုံး စစ်ရေးဂိတ်အား အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းပေါ် ထွက်စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းယုန်က ပြောသည်။ “သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) က လေးယောက် ဘန်ကာအပြင်မှာ ရှိနေကြတယ်။ အဲဒီထဲက နှစ်ယောက်က ကားကို ထွက်ပြီးစစ်တယ်။ ကားထွက်သွားတာနဲ့ လမ်းပေါ်မှာရှိနေတဲ့ နှစ်ယောက်ကို အဓိကထားပြီးပစ်တာ။ အဲဒီနှစ်ယောက် ကတော့ သေတယ်ဆိုတာ မျက်မြင်အတည်ပြုချက်ရတယ်။ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာရသလားဆိုတာ စုံစမ်းနေတယ်” ဟု ရဲဘော်လင်းယုန်က ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့်အတူ ကျောင်းသားတော်လှန်ရေးတပ်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း […]

ထားဝယ်အရှေ့တောဒေသတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

August 12, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်းတွင် ရွှေချောင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း KNLA တပ်နှင့် ဒေသခံအချို့က ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၈ရက်က အရှေ့တောဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျောက်မဲတောင်စခန်း ကို ရောက်ရှိလာပြီးနောက် မေတ္တာဗျူဟာစခန်းဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။ ဩဂုတ်လ ၁၁ ရက်တွင် ကျောက်မဲတောင်ရွာမှ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှု အချိန်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းနောက် မေတ္တာဗျူဟာစခန်းကို ဆက်လက်စစ်ကြောင်းထိုးလာရာ ယနေ့ ဩဂုတ်လ ၁၂ရက် နံနက်ပိုင်းက ရွှေချောင်းရွာ အရောက်တွင် KNLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ကြောင်း ဒေသခံတို့က […]

ရန်ကုန်တွင် ဆေးလာကုသည့် ထားဝယ်သားတစ်ဦး ပျောက်နေ

Dawei Watch

August 10, 2024

ရန်ကုန်တွင် ဆေးကုရန်လာသည့် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင်ရွာမှ အမျိုးသားတစ်ဦး ဩဂုတ်လ ၆ ရက် ညက ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။ ပျောက်ဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ဦးစိုးဝင်းဆိုသူဖြစ်ပြီး ၎င်းတည်းခိုနေသည့် ဘုန်းကြီးကျောင်းမှ ရုတ်တရက်ပျောက်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ကဆိုသည်။ ဦးစိုးဝင်းသည် ဗဟန်းမြို့နယ် ၊ ရေတာရှည်လမ်းသစ် ၊ ရွှေကျင်ကျောင်းတိုက်တွင် မပျောက်ဆုံးမီအထိ ၎င်း၏ဇနီးနှင့်အတူ တည်းခိုနေထိုင်ခဲ့သည်။ “အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပျောက်သွားတာ၊ ဖိနပ်တောင်ပါမသွားဘူး။ မိုးပြာရောင်အင်္ကျီလက်တို နဲ့ လုံချည်ဝတ်ထားတယ် ။ သူက ကျန်းမာရေးလည်း မကောင်းဘူး ။ အရက်သောက်များတဲ့ဒဏ်ကြောင့် တခါတလေ ကြောင်သလိုဖြစ်တယ် ။ အဲဒါကြောင့် စိတ်ပူနေရတယ်” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ ယနေ့ဩဂုတ်လ ၁ဝ ရက်နေ့အထိ […]

ထားဝယ်တွင် ပလုံကောက်သွားရင်း ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်းပြန်တွေ့

Dawei Watch

August 10, 2024

ပလုံကောက်သွားရင် ရေနစ်ပျောက်ဆုံးသွားသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး၏အလောင်းကို ယနေ့ (ဩဂုတ် ၁၀) နံနက် ၉ နာရီ ခန့်တွင် ထားဝယ်မြစ်ထဲ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့ခံများကပြောသည်။ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီး(ထားဝယ်မြစ် အတွင်း) ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေများအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ်ရှိ မြို့သစ် ၇ လမ်းတွင် နေထိုင်သည့် မကေသီသွယ်ဖြစ်‌ကြောင်းသိရသည်။ သေဆုံးသူသည် ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီ အချိန်တွင် ညီအစ်မ တော်စပ်သူတစ်ဦးနှင့်အတူ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ကမ်းစပ်တွင် ပလုံကောက် နေရာမှ ရေထဲဆင်းစဥ် ရေနစ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံများထံမှသိရသည်။ ရေနစ်ပျောက်ဆုံးနေသူကို ထားဝယ်မြို့အခြေစိုက် ရေကြောင်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ […]

မောင်မယ်ရှောင်ရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၀အထိရှိလာ၊ စစ်ကြောင်းရွာထဲရှိနေဆဲ

Dawei Watch

August 8, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မီးရှို့ခံရသည့် နေအိမ် ၂၀အထိရှိလာကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇူလိုင်လ နောက်ဆုံးအပတ်က နေအိမ် လေးဆောင်နှင့် ဩဂုတ်လ ၅ ရက်က နေအိမ် ၁၆ ဆောင်တို့ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ မောင်မယ်ရှောင်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်နေထိုင်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဩဂုတ်လ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်နှင့်နီးစပ်သူတစ်ဦးက Dawei Watch သို့ ပြောသည်။ “ပစ္စည်းယူနေတုန်း ဝင်တိုက်တယ်ပြောတယ်။ စစ်သားသေတာများတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာသို့ အင်းအားထပ်ဖြည့်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ခိုက်ခံရနေရာအနီးဝန်းကျင်ရှိ […]

ထားဝယ်မြစ်ထဲ မိန်းကလေးတစ်ဦးရေနစ်ပျောက်ဆုံး၊ ကယ်ဆယ်ရေးအဖွဲ့ပူးပေါင်းရှာနေ

Dawei Watch

August 8, 2024

ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ထဲတွင် ယနေ့ နံနက်ပိုင်းက ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးအဖွဲ့ များ ပူးပေါင်းရှာဖွေနေကြောင်း မြို့ခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၈ရက် နံနက် ၁၁နာရီခန့်တွင် အသက် ၁၄နှစ်အရွယ် ညီအစ်မဝမ်းကွဲတော်စပ်သည့် မိန်းကလေးနှစ်ဦး ရေဆော့ကစားနေစဉ် တစ်ဦးမှာ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “(ညီမတော်စပ်သူ) တစ်ယောက်က ရေနက်ထဲဆင်းဆော့နေလို့ မဆော့ဖို့တားရင်း အစ်မ (တော်စပ်သူ) ရေနစ် သွားလို့ ညီမလုပ်သူက ဆင်းကယ်တာ နှစ်ယောက်စလုံးနစ်ပြီး ညီမလုပ်သူက ကမ်းကိုကူးလာနိုင်ခဲ့တယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ရေနစ်ပျောက်ဆုံးနေသည့် မိန်းကလေးကို ဩဂုတ်လ ၈ ရက် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ မတွေ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။ […]

ရေဖြူ ဇာဒီရွာက လူငယ်တစ်ဦးဖမ်းဆီးခံရပြီး လေးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

August 8, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၄ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးသွားပြီး လေးရက်ကြာအထိပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူသည် ဇာဒီရွာ၊ ရွာမရပ်ကွက်က အသက် ၂ဝကျော်အရွယ် ကိုသန်းထိုက်ဆိုသူဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ ဇာဒီနှင့် ခေါင်ပြန်ရွာ လမ်းပိုင်းရှိ တံတားအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ “ဖားချောင်းအင်းရွာဘက်မှာ လူနှစ်ယောက်ကို သွားကြိုဖို့ သွားတဲ့အချိန် အဖမ်းခံရတယ်။ သူ့ကို မဖမ်းခင် သေနတ် မိုးပေါ်ထောင်ပစ်လိုက်သေးတယ်။ အချက်ရေတော်တော်များတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ အဖမ်းခံရပြီးနောက် ၎င်း၏လက်ကိုင်ဖုန်းအား စစ်ကောင်စီတပ်သားများက စစ်ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲ၍ မောရဝတီရေတပ်သို့ ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း […]

ထားဝယ် မောင်မယ်ရှောင်ရွာတွင် နေအိမ် ၁၆ဆောင် မီးရှို့ခံရ

Dawei Watch

August 6, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး ယနေ့ ဩဂုတ်လ ၆ရက်အထိ နေအိမ် ၁၆ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၅ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် နေအိမ် ၁၂ ဆောင်ကို မီးရှိုသွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “(မနေ့ကမီးရှိုခံရတာ) အရှေ့ပိုင်းက အိမ်တွေ အကုန်တစ်နေရာတည်း။ အရင်ကရှို့တာလည်း အဲဒီနေရာအနားမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်ကလည်း စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာတွင် နေအိမ်‌ လေးဆောင်နှင့် ဘိလိယက်ခုံ တစ်ခုံတို့ကို မီးရှို့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မတို့အိမ်လည်းပါတယ်။ ရွာသားတွေက ဘယ်သူမှဝင်မရတော့ သွားကြည့်မရသေးဘူး” ဟု နေအိမ်မီးရှို့ခံရသည့် […]