စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာမှ နေအိမ်များကို မီးရှို့
Dawei Watch
August 5, 2024မောင်မယ်ရှောင်ရွာသို့ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၅) ညနေပိုင်းတွင် ကျေးရွာအတွင်းမှ နေအိမ်များကိုမီးရှို့နေသည်ဟု ဒေသခံများကပြောသည်။ မောင်မယ်ရှောင်ရွာ ဘက်မှ မီးခိုးလုံးများ တက်နေသည်ကို ယနေ့ ညနေ ၃ နာရီ ကျော်ကမြင်တွေ့ရကြောင်း ခရီးသွား ဒေသခံတစ်ဦးက Dawei Watch သို့ပြောသည်။ “မီးခိုးမဲတွေ တက်နေတယ် အလုံးလိုက်ပဲ မောင်မယ်ရှောင်ဖက်က ” ဟု ၎င်းကဆိုသည်။ မီးခိုးများ အလုံးလိုက်တက်နေသည့် နေရာမှာ မောင်မယ်ရှောင်ရွာ အရှေ့ပိုင်း ရပ်ကွက်ဖြစ်သည့် အုန်းတောရပ်ကွက်မှဖြစ်ကြောင်း မောင်မယ်ရှောင် ဒေသခံတစ်ဦးက ပြောသည်။ “ကြည့်ရတာတော့ ကျွန်မတို့နေတဲ့အပိုင်းပဲ ဘယ်နှစ်ဆောင်ဆိုတာ မသိတော့ဘူး ကြည့်ရင်းနဲ့ စိတ်ညစ်နေရတယ်”ဟု ဘေးလွတ်ရာ တိမ်းရှောင်နေသည့် မောင်မယ်ရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ […]


