မလွှဲတောင်အနီး အလယ်စခန်းရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Dawei Watch
August 1, 2024ရေဖြူမြို့နယ်၊ လော့သိုင်းအုပ်စု ၊ အလယ်စခန်းရွာတွင် ဇူလိုင်လ ၂၉ ရက် ညပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံကသိရသည်။ သေဆုံးသူသည် အသက် ၄၁ နှစ်အရွယ် ဦးမျိုးကျော်ကျော် ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ရွာအတွင်း ပြဿနာဖြစ်ပါက ဖြေရှင်းပေးလေ့ရှိသဖြင့် ရပ်ရွာလူကြီးကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများကဆိုသည်။ “သူက ရွာလူကြီးပေါ့ ၊ ရပ်ရွာထဲမှာပြဿနာဖြစ်ရင် ရှင်းပေးတယ် ။ စစ်ကောင်စီဘက်က အစည်းအဝေးတွေ သွားတာမျိုးတော့ မတွေ့ရဘူး ။ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အဆင်ပြေတဲ့ ဆက်ဆံရေးရှိတဲ့သူပါ ၊ အခုကဘယ်လိုဖြစ်သွားလဲမသိဘူး ” ဟု ရွာသားတစ်ဦးကပြောသည်။ ယင်းအမျိုးသား၏ ဈာပန ကို ဇူလိုင်လ ၃ဝ ရက်က ပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ၎င်းကိုမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကိုမူ […]


