ရေဖြူမြို့တွင် စစ်ကောင်စီတပ်သားများလိုက်ပါသည့်ကားပစ်ခတ်ခံရ၊ အနီးရှိ အရပ်သားတစ်ဦးသေဆုံးပြီး ရဟန်းတစ်ပါးပျံလွန်
Dawei Watch
July 24, 2024ရေဖြူမြို့ ၊ (ဂ) ရပ်ကွက်တွင် ဇူလိုင် ၂၂ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီး ပစ်ခတ် ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသလို အနီးဝန်းကျင်ရှိ အရပ်သားတစ်ဦးသေဆုံးကာ ရဟန်းတစ်ပါး ပျံလွန်တော်မူကြောင်း မြို့ခံများထံမှ သိရသည်။ ရေဖြူမြို့ အထက ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ရေဖြူတပ်နယ် စစ်ကောင်စီတပ်ရင်းများက ကျောင်းသားများကို ကျောင်းဆင်းချိန် လာကြိုသည့်ကားဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ “စစ်တပ်ထဲက ကျောင်းလာကြိုတဲ့ကား အပစ်ခံရတာပါ။ ကလေးတွေ မပါသေးဘူး။ ကြိုဖို့ အသွားပဲရှိသေးတယ်။ စစ်သား လေးယောက်သေတယ်” ဟု ရေဖြူမြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ခွဲ (၁) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။ […]


