ရေဖြူမြို့အဝင်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားသေဆုံးဟုဆို
Dawei Watch
July 12, 2024ကလိန်အောင်မြို့ဘက်မှ ရေဖြူမြို့အဝင် ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်သား မောင်းနှင်လာသည့် ဟိုက်ဂျက်အမျိုးအစားကားကိုပစ်ခတ်ခဲ့ပြီး ယင်းတပ်သား သေဆုံးသွားကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ကားပေါ်တွင်ပါလာသည့် MA3 သေနတ်တစ်လက်၊ ကျည်ဘောက်၄ခု ၊ ကျည် ၁၅၀တောင့်နှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းယာဥ်သည် ထားဝယ်မြို့ဘက်မှ ကလိန်အောင်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီ ခန့်ကပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရသည့် ခရီးသွားအမျိုးသမီးတစ်ဦးကပြောသည်။ “ကားက ဟိုက်ဂျက်ကား ။ ပစ်ခံထားရတာကတော့ ခေါင်းခန်းတစ်ခုလုံးပဲ။ စစ်သားတွေရောက်လာပြီး အဲဒီကားကို အခြားကားတစ်စီးနဲ့ဆွဲဖို့ပြင်နေကြတယ်။ ဘေးမှာ လူနာတင်ယာဥ်တစ်စီးလည်း ရှိနေတယ်” ဟု ၎င်းကပြောပြသည်။ ဖြစ်စဥ်ဖြစ်ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယင်းနေ့ညနေ ၆ နာရီဝန်းကျင်အထိ လမ်းပိုင်းအသုံးပြုသည့်ယာဥ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးခဲ့ပြီး ရေဖြူတပ်နယ်ရှိ […]


