ထားဝယ်ထောင်တွင် အစားအသောက်ကျွေးသည့်ပမာဏ လျော့နည်းလာ
Dawei Watch
November 13, 2024ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသူ/အကျဉ်းသားများကိုကျွေးသည့် အစားအသောက် ပမာဏထပ်မံလျော့နည်းလာသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များနှင့် အကျဉ်းထောင်အသိုင်းအဝိုင်း ထံမှသိရသည်။ နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူကျွေးပြီး ညနေပိုင်းတွင် ကြက်သား၊ ငါးနှင့် ကြက်ဥကို အလှည့်ကျ တစ်နေ့ သုံးနပ်ချက်ကျွေးသည်ဟု ၎င်းတို့က ပြောသည်။ ညနေတစ်နပ်စာအတွက် ကြက်သား လက်လေးသစ်အရွယ်တစ်တုံးနှင့် ငါးဟင်းလက်လေးသစ်အရွယ် တစ်တုံးကို တစ်ပတ်သုံးရက်ကျွေးပြီး နောက်တစ်ရက်တွင် ကြက်ဥနှစ်လုံးကျွေးကြောင်း၊ အသားဟင်းသုံးရက်၊ ကြက်ဥတစ်ရက်ဖြင့် တစ်ပတ်လျှင် ၄ ရက်ကျွေးပြီး ကျန် ၃ ရက်တွင် အသီးအရွက်နှင့် အရည်သောက်ဟင်းတစ်မျိုးမျိုးသာ ကျွေးမွေးသည်ဟု ၎င်းတို့ကဆိုသည်။ ယခုနောက်ပိုင်းတွင် ကြက်သားဟင်းနှင့် ငါးဟင်းမှာ အတုံးအရွယ်အစားငယ်လာပြီး ကြက်ဥနေ့တွင်လည်း တစ်လုံးသာ ပေးတော့သဖြင့် ပြဿနာဖြစ်ပွားခဲ့သေးကြောင်း ၎င်းတို့ထံမှသိရသည်။ ယခင်က ညနေတစ်နပ်စာ ကြက်ဥနေ့တွင် […]


