ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ငလျင်လှုပ်ပြီးနောက် သင်္ကြန်ပစ္စည်း အရောင်းပါး

Dawei Watch

April 11, 2025

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် သင်္ကြန်ရာသီ ရေကစားပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် အရောင်းပါးနေကြောင်း သင်္ကြန်ပစ္စည်းရောင်းသူများထံမှ သိရသည်။ သင်္ကြန်ပန်းကုံး ၊ ကလေးကစားစရာနှင့် အလှဆင်ပစ္စည်းစျေးနှုန်းမှာ အနည်ဆုံးတန်ဖိုး ငါးရာကျပ်မှ အမြင့်ဆုံးတန်ဖိုး ကျပ်ငါးသောင်းဝန်းကျင်အထိ စျေးနှုန်းအမျိုးမျိုး ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။ “ငလျင်မလှုပ်ခင်တုန်းက သင်္ကြန်ကစားစရာတွေ လာဝယ်နေကြသေးတယ်။ ငလျင်လှုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လာဝယ် သူတောင် မရှိတော့ဘူး။ ပစ္စည်းတွေတော့ ကျန်နေတာပေါ့။ အရင်ရောင်းကောင်းပြီးမှ သင်္ကြန်နီးလာတော့ အရောင်းပြန်ပါး သွားတယ်” ဟု မြိတ်မြို့က ကလေးကစားစရာ ရောင်းသူတစ်ဦးက ပြောသည်။ မြိတ်မြို့က သင်္ကြန်ပစ္စည်း လက္ကားဆိုင်ပိုင်ရှင်တစ်ဦးကမူ သင်္ကြန်ပစ္စည်းများကို ဖေဖော်ဝါရီလကတည်းက ကြိုတင် ရောင်းချသဖြင့် ပစ္စည်းပြတ်လပ်သွားပြီဖြစ်ကြောင်း ဆိုသည်။ သို့သော် လက်လီရောင်းသူများထံတွင်မူ သင်္ကြန်ပစ္စည်းများရှိနေဆဲဖြစ်ပြီး အရောင်းပါးနေခြင်းဖြစ်ကြောင်း […]

ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် လောင်းလုံးကို စစ်ကြောင်းထိုး

Dawei Watch

April 11, 2025

သင်္ကြန်ကျရန် ရက်ပိုင်းအလို ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၁၀ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အကောက်ခွန်ဦးစီးဌာနဘက်ခြမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုနေ့က စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးအောင်မျိုးထွန်း အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် အကောက်ခွန်ရုံးနှင့် မနီးမဝေးရှိ ဆိပ်ကမ်းသာ ဘောတံတားတွင် ငါးလွှတ်ပွဲပြုလုပ်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “စကစဝန်ကြီးတွေ ကမ်းနားလမ်းမှာ ပွဲလုပ်နေကြတဲ့အချိန်မှာ သေနတ်ပစ်သံတွေ ထွက်လာတယ်။ အဲဒါပြီးမှာ နတလရုံးမှာ ထိုင်ထားတဲ့ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုသေးတယ်” ဟု မြို့ခံတစ်ဦးက […]

သရက်ချောင်းတွင် KNLA နှင့် PDF အချင်းချင်းပစ်ခတ်မှု PDF ရဲဘော်နှစ်ဦးသေဆုံး

Dawei Watch

April 9, 2025

သရက်ချောင်းမြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA၊ တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းတို့ အချင်းချင်းပစ်ခတ်မှုတွင် PDF ရဲဘော်နှစ်ဦးသေဆုံးကြောင်း နှစ်ဖက်တပ်ဖွဲ့ထံမှ သိရသည်။ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို တိုက်ခိုက်ရန်ကြိုတင်ရောက်ရှိနေသည့် KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့နှင့် နောက်မှ ယင်းနေရာသို့ ဝင်လာသည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး-PDF အမှတ် (၂) တပ်ရင်း လက်အောက်ခံတပ်ဖွဲ့တို့ ဧပြီလ ၆ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းချက်ကြောင့် မှားယွင်းပစ်ခတ်မိကြခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုတွင် PDF ရဲဘော် နှစ်ဦးသေဆုံးကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းမှူး မင်းသားကြီးက အတည်ပြု ပြောဆိုသည်။ […]

ထားဝယ်တွင် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အချို့ပြန်ဖျက်

Dawei Watch

April 8, 2025

ထားဝယ်တွင် ယခုနှစ်သင်္ကြန်ပွဲတော်အတွက် တည်ဆောက်ထားသည့် ဖျော်ဖြေရေးမဏ္ဍပ်အချို့ကို ပြန်ဖျက်လိုက်ပြီး တည်ဆောက်ဆဲအချို့ကိုလည်း ရပ်နားလိုက်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ ၊မြို့တော်ခန်းမရှေ့တွင် မတ်လကုန်ပိုင်းက စတင်တည်ဆောက်နေသော တိုင်းအဆင့် သင်္ကြန်ဖျော်ဖြေရေး ဗဟိုမဏ္ဍပ်ကိုလည်း ဆက်လည်တည်ဆောက်ခြင်းမရှိဘဲ ရပ်လိုက်ပြီ ဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ဆက်လုပ်နေတာ မတွေ့ရတော့ဘူး ဆောက်လက်စ ဒီအတိုင်းထားထားတာ တွေ့ရတယ်။ မြို့တော်ခန်းမဝင်းထဲမှာ အဆိုအကတွေမရှိပဲ လုပ်မယ်ထင်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။ ထို့အပြင် တိုင်းဒေသကြီးအစိုးရရုံးအနီးရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရေကစားမဏ္ဍပ်နှင့် ဖျော် ဖြေရေးမဏ္ဍပ်ကိုလည်း ဆက်လည်တည်ဆောက်ခြင်းမရှိတော့ပဲ ရပ်နားထားသည်ကို တွေ့ရကြောင်း မြို့ခံတစ်ဦးကပြောသည်။ ယင်းအပြင် မတ်လ နောက်ဆုံးပတ်ကစဆောက်နေသည့် ထားဝယ်မြို့ပတ်လမ်း၊ ရွှေဝယ်သီရိရင်ပြင်၊ ကစားကွင်းအနီး၌ ဆောက်ထားသည့် ဌနဆိုင်ရာ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုကိုလည်း ယခုအပတ်အတွင်း ပြန်ဖျက်လိုက်ကြောင်း ဝန်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။ “ဗဟိုမဏ္ဍပ်မှာတောင် ဖွင့်ပွဲလောက်ပဲလုပ်မှာလို့ သိရတယ်။ […]

သတ္တုလုပ်ကွက်များလာသည့် ကံပေါက်တွင် ချောင်းအချို့ကောလာပြီး ရေတွင်းများရေခန်းလာ

Dawei Watch

April 8, 2025

သတ္တုလုပ်ကွက်များ ချဲ့ထွင်လုပ်ကိုင်လာပြီးနောက် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ အုပ်စုရှိ ရပ်ကွက်အချို့တွင် ရေတွင်းများ ဖေဖော်ဝါရီလကတည်းက ရေခန်းခြောက်လာနေသည်ဟု ဒေသခံများထံမှသိရသည်။ နှစ်စဥ် မတ်လကုန်ခါနီးမှသာ ရေခန်းခြောက်လေ့ရှိသော်လည်း ယခုနှစ်တွင် တစ်လစော၍ ရေခန်းသွားခြင်းဖြစ်ပြီး ရေခန်းလေ့မရှိသည့် ရေတွင်းများပင် ရေခန်းနေသည်ဟု ၎င်းတို့ ကဆိုသည်။ ရေခန်းခြောက်နေသည့် ရေတွင်းအများစုမှာ လှည်းကုန်းရပ်ကွက်နှင့် မဂ္ဂင်ရပ်ကွက်များမှ ရေတွင်းများဖြစ်ကြသည်။ “ရေက တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ရေတင်ဖို့ကို စောင့်ပြီးတင်နေရတယ်။ ရေတစ်ခါစုပ်လိုက်ရင် ခန်းသွားပြီး ရေပြန်ပြည့်ဖို့ စောင့်ပြီးမှ ထပ်စုပ်ရတယ်။ ရေချွေတာသုံးရတာပေါ့။ နှစ်ရက်မှ တစ်ခါ ရေတင်ရတော့တယ် “ ဟု လှည်းကုန်းရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။ အဆိုရပ်ကွက်နှစ်ခုတွင် ပြီးခဲ့သည့်နှစ် ဇွန်လခန့်ကစ၍ ဥယျာဥ်ခြံလုပ်ကွက်များကို ဝယ်ယူ၍ ခဲသတ္တုလုပ်ကွက် အသစ်များလုပ်ကိုင်နေသည်ဟု ယင်းရပ်ကွက်များတွင်နေထိုင်သူများကဆိုသည်။ ယင်းသတ္တုလုပ်ကွက်များကြောင့် ပိန္နဲတောချောင်းနှင့် […]

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဧကနိရွာအနီး စစ်ကြောင်းရောက်၊ ရွာသုံးရွာက ဒေသခံများတိမ်းရှောင်

Dawei Watch

April 7, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိ ဧကနိကျေးရွာအနီးဝန်းကျင်သို့ ယနေ့ ဧပြီ ၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်ရှိလာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်ကြောင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် လဲရှောင်ကျေးရွာဘက်မှ စတင်ထွက်ခွာလာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ကျွန်တော်တို့ရွာကိုတော့ မရောက်လာသေးဘူး။ ရွာနား မရောက်ခင် တောထဲမှာ ပျောက်နေတယ်။ ရွာသူရွာသား တွေကတော့ ရှောင်ကုန်ကြပြီ” ဟု ဧကနိရွာခံ အမျိုးသားတစ်ဦးက ပြောသည်။ ထို့ကြောင့် ကျေးရွာသုံးရွာဖြစ်သည့် ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းကျေးရွာတို့က ဒေသခံများမှာ ယနေ့ နံနက်ပိုင်းကစပြီး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ […]

ရေဖြူ ဇာဒီအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းထားသည့် ရွာသားများ ပြန်လွတ်

Dawei Watch

April 5, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ အုပ်စုတွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးထားသည့် ရွာသားများ ယနေ့ ဧပြီလ ၅ရက် နေ့လယ်ပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် မတ်လ ၃၁ ရက်တွင် ဇာဒီအုပ်စုသို့ ရောက်လာခဲ့ပြီး ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် ကျေးရွာတို့က စစ်ကြောင်းနှင့်တွေ့သည့် ရွာသားများနှင့် ကျေးရွာအတွင်းကျန်ခဲ့သည့် အသက်ကြီးပိုင်းများ၊ အမျိုးသမီး များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာတို့တွင် အဖမ်းခံရသည့် ရွာသား ခြောက်ဦးနှင့် ဇာဒီရွာဒေသခံ ငါးဦးတို့ကိုမူ ဧပြီလ ၃ ရက်ကတည်းက ပြန်လွတ်လာကြောင်း ယင်းရွာသားများထံမှ သိရသည်။ ဇာဒီရွာတွင် ဒေသခံ ၁၀ ဦးထက် မနည်းဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာသားတွေက အားလုံးပြန်လွတ်လာပြီ။ စစ်တပ်ကတော့ […]

ရေဖြူ ဇာဒီအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းထားသည့် ရွာသားအချို့ပြန်လွတ်

Dawei Watch

April 3, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာတို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးထားသည့် ရွာသားအချို့ ယနေ့ ဧပြီလ ၃ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ဇာဒီရွာတွင် ဖမ်းဆီးခံထားရသူများအနက် အသက်ကြီးပိုင်းနှင့် အမျိုးသမီးများကို ပြန်လွှတ်ပေးလိုက်ပြီး အချို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ခေါင်ပြန်က ယောင်္ကျားကြီးသုံးယောက်နဲ့ ဒိုက်တကော်မှာ ဖမ်းထားသူ အားလုံးတော့ ပြန်လွတ်လာပြီ။ ဇာဒီမှာလည်း အသုတ်နဲ့ လွှတ်ပေးနေတယ်။ ဒါပေမဲ့ အဖမ်းခံထားရတဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတစ်ဦးက ပြောဆိုသည် ။ ဆက်လက် ဖမ်းဆီးခံထားရသူ ဦးရေကိုမူ တိတိကျကျ မသိရသေးပေ။ ဇာဒီရွာသို့ မတ်လ ၃၁ရက်က စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီ ခြေလျင်တပ်အပြင် မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများပါ ပါဝင်ပြီး ရေတပ်က ဇာဒီရွာအတွင်းတပ်စွဲကာ […]