ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဆေးရုံပိတ်ခံထားရသည်ကို မသိဘဲလာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်ကားပေါ် ကလေးမွေး

Dawei Watch

March 31, 2025

ထားဝယ်တွင် ပုဂ္ဂလိကဆေးရုံအချို့ ပိတ်ခံထားရချိန် ရက်ချိန်းလာပြသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ယနေ့(မတ် ၃၁ ) နံနက်စောစောတွင် အရေးပေါ်ကားပေါ် ၌ ကလေးမွေးဖွားလိုက်ရကြောင်း ရင်ခုန်သံ သွေးနှင့်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှသိရသည်။ အဆိုပါ အမျိုးသမီးမှာ မယ်ဒီလန်းဆေးရုံတွင် ကိုယ်ဝန်ပြရန်အတွက် ထားဝယ်သို့ ရောက်လာခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှသိရသည်။ ထားဝယ်သို့ ရောက်လာချိန် မယ်ဒီလန်းဆေးရုံမှာ အပိတ်ခံထားရသည့်အတွက် အခြားဆေးရုံတစ်ရုံကို ပြောင်းပြရန် အိမ်ရှေ့ပြင် ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်လိုက်ရသည်ဟု ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောဆိုချက်အရသိရသည်ဟု အထက်ပါအသင်းတာဝန်ရှိသူကပြောသည်။ သို့ သော် ယနေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဗိုက်နာလာသည့်အတွက် ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ချိန် အရေးပေါ်ကားပေါ် ၌ ကလေးထွက်လာသည့်အတွက် ရင်ခုန်သံ အရေးပေါ် အဖွဲ့ ၏ စေတနာဝန်ထမ်းများက […]

မန္တလေးမှ ထားဝယ်သို့ ပြန်လိုသည့် စာသင်သားရဟန်းများအား ကူညီပို့ဆောင်ပေးမည်

Dawei Watch

March 29, 2025

မြေငလျင်ကြောင့် ထိခိုက်မှုများရှိခဲ့သည့် မန္တလေးမြို့မှ ထားဝယ်ဒေသသို့ ပြန်ကြွလိုသည့် ထားဝယ်ဒေသခံ စာသင်သားရဟန်းများကို ထားဝယ်လမင်း ကားဂိတ်က ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းကားဂိတ်ထံမှသိရသည်။ “မန္တလေး – ထားဝယ်လမ်းကြောင်းက ညအိပ်ရမယ့် လမ်းကြောင်းလည်းဖြစ်နေတယ်။ ခရီးလည်းဝေးတယ်။ စာသင်သား သံဃာတွေ အခက်အခဲဖြစ်နေတာလည်း ကြားသိရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” ဟု မန္တလေး – ထားဝယ် ပြေးဆွဲနေသည့် ထားဝယ်လမင်း ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည် ။ ထားဝယ်ပြန်မည့် စာသင်သားရဟန်းများအား ကြိုမည့် ကားသည် ယနေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီတွင် မစိုးရိမ်တိုက်သစ်သို့ စုရပ်အဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်ဒေသသို့ပြန်လည်ကြွရန်ဆန္ဒရှိသည့် စာသင်သားရဟန်းများအနေဖြင့် ဖုန်းနံပါတ် 09444840994 နှင့် 09788741187 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်လမင်းကားဂိတ်ထံမှ […]

လောင်းလုံးရဲစခန်းရှေ့တွင် အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံး

Dawei Watch

March 29, 2025

‌လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကြားရှိ ကားလမ်းပေါ်တွင် မတ်လ ၂၈ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ စမ်းလှမ်းကျေးရွာဇာတိဖြစ်ပြီး လောင်းလုံးမြို့ပေါ်တွင်နေထိုင်သူ သုံးဘီးမောင်းသမား အသက် ၆၀ ဝန်းကျင် အရွယ် ဦးတင်စိုးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါအမျိုးသားသည် ထားဝယ်မြို့မှ သုံးဘီးဖြင့် ခရီးသည်တင်ဆောင်လာစဉ် ရဲစခန်းအရှေ့အရောက်‌ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မူးဝေပြီး သုံးဘီးပေါ်က ပြုတ်ကျသွားခဲ့ကြောင်း ဆိုသည်။ “(ရာသီဥတုက) ပူကလည်းပူဆို‌တော့ ခေါင်းမူးပြီး ပြုတ်ကျသွားတာဖြစ်မယ်။ သုံးဘီးကတော့ ရဲစခန်းအရှေ့က ဘယ်ရီဂိတ်ကို ဝင်တိုက်နေတယ်။ လူကတော့ ကတ္တရာလမ်းနဲ့ရိုက်မိပြီး ခေါင်းမှာသွေးအများကြီးထွက်လာလို့ ဆရာမဒါ်မူမူသန်း ဆေးခန်းကို ခေါ်သွားသေးတယ်။ ဆေးခန်းရောက်တဲ့အချိန်ဆို လူကသေနေပြီ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ […]

ရေဖြူတွင် ငလျင်လှုပ်ပြီးချိန် တိုက်ပွဲထပ်ဖြစ်၍ ဒေသခံများ ထိတ်လန့်

Dawei Watch

March 28, 2025

ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်ထိတ်လန့်နေသော်လည်း ငလျင်လှုပ်ပြီး မိနစ်ပိုင်းအကြာ (ယနေ့ မွန်းလွဲ ၁ နာရီအချိန်)တွင် ရေဖြူမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ပိုမိုထိတ်လန့် ကြောက်ရွံ့နေကြကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့သည်။ ယင်းသို့ လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရေဖြူမြို့ ရှိ ထားဝယ်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားရာ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။ ငလျင်ကြောင့် လမ်းပေါ်ထွက်ပြေးနေရချိန် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီး များ ကျရောက်လာသည့်အတွက် ပိုမိုစိုးရိမ်ထိတ်လန့်လျက်ရှိကြကြောင်း […]

ထားဝယ်တွင် ဧည့်စာရင်းဝင်စစ်ပြီး အဘိုးအဘွား ဇနီးမောင်နှံဖမ်းဆီးခံရ၊ အဘိုးပြန်မလွတ်သေး

Dawei Watch

March 27, 2025

ထားဝယ်မြို့၊ ကျောက်မော်ကြီးရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် မတ်လ ၂၆ ရက် နံနက် ၁ နာရီဝန်းကျင်က ဧည့်စာရင်း ဝင်စစ်ပြီး အသက် ၇၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ ဖမ်းဆီးခံရသည့်ရက်တွင် အမျိုးသမီးဖြစ်သူ ဒေါ်မယ်အေး ပြန်လည်လွတ်မြောက်လာပြီး ခင်ပွန်းဖြစ်သူ ဦးသန်းထွန်း သည် ယနေ့ မတ်လ ၂၇ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆွေမျိုးနီးစပ်သူနှင့် ရပ်ကွက်နေသူများက ပြောသည်။ အဆိုပါဇနီးမောင်နှံသည် ထားဝယ်မြို့နယ်၊ အညာဖျားရွာဘက်က ဒေသခံများဖြစ်ပြီး ထားဝယ်မြို့ပေါ်သို့ ပြီးခဲ့သည့် တစ်နှစ်ခန့်ကတည်းက ရွှေ့ပြောင်းလာခဲ့ကာ မြေးလေးဦးနှင့်အတူနေထိုင်ကြောင်း အိမ်နီးချင်းတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် အကြောင်းအရင်းကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ကျောက်မော်ကြီးရပ်ကွက်တွင် ဧည့်စာရင်း ဝင်စစ်လေ့ရှိသော်လည်း ယခင်က ဖမ်းဆီးခံရခြင်းမရှိဘဲ ဒဏ်ငွေဆောင်ရခြင်းမျိုးသာ […]

ထားဝယ်အထူးစီးပွားရေးဇုန်၌ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်တို့ တိုက်ပွဲထပ်ဖြစ်

Dawei Watch

March 26, 2025

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ လဲရှောင်ခြေတော်ရာဘုရားအနီး မတ်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့သည် မတ်လ ၂၅ ရက်နေ့ မွန်းလွဲချိန်က ပထမအကြိမ်တိုက်ပွဲဖြစ်သည့် နေရာနှင့်မနီးမဝေးတွင် နှစ်ဘက်တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “တိုက်ပွဲက မနေ့က ထပ်ဖြစ်တယ်။ တစ်နေ့ကဖြစ်တဲ့နေရာနဲ့က သိပ်မဝေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။ မတ်လ ၂၅ ရက်(ယမန်)နေ့က ဖြစ်သည့်တိုက်ပွဲ၌ တော်လှန်ရေးတပ်သားသုံးဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။ “ကင်းပုန်းဝပ်နေတာသတိမထားမိလို့ပါ။ ဒဏ်ရာကတော့စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယင်းတိုက်ပွဲပြီးနောက် လဲရှောင်ရွာနှင့် ခမောင်းချောင်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းဒေသခံများကပြောသည်။ ထို့ကြောင့်ထားဝယ်အထူးစီးပွားရေးဇုန်ထဲရှိ နဘုလယ်ဒေသခံများဖြစ်သော လဲရှောင်၊ထိန်ကြီး၊ ပရဒပ်၊ခမောင်းချောင်း၊ ဧကနိစသည့်ကျေးရွာများမှ ဒေသခံများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ […]

Facebook အကောင့်ခိုးပြီး ထားဝယ်ဒေသခံများကို ပစ်မှတ်ထားငွေလိမ်မှုများလာ

Dawei Watch

March 26, 2025

ငွေကြေးလိမ်လည်သူများသည် Facebook အကောင့်ကို ခိုးယူပြီး ထားဝယ်ဒေသခံများအား ပစ်မှတ်ထားကာ ငွေကြေး လိမ်လည်နေကြောင်း စုံစမ်းသိရှိရသည်။ Facebook အကောင့်ကို ခိုးယူပြီးနောက် ယင်းအကောင့်ထဲရှိ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များထံ မက်ဆင်ဂျာမှ စာပို့ ပြီး KPay သို့မဟုတ် Wave Money တို့မှတစ်ဆင့် ငွေလွှဲခိုင်းလေ့ရှိကြောင်း ကိုယ်တိုင်ကြုံဖူးသူများက Dawei Watch သို့ ပြောဆိုကြသည်။ “ပိုက်ဆံ (ကျပ်) ငါးသိန်းလောက် ခဏလွှဲပေးဖို့ဆိုပြီး ပထမဆုံးလာပြောတာ။ ကျွန်မသူငယ်ချင်းက ဒါမျိုးတစ်ခါမှ မချေးဖူး တော့ စိတ်ထဲတစ်မျိုးဖြစ်‌လာတာနဲ့ ဖုန်းဆက်ပြီးမေးကြည့်လိုက်တော့မှ သူ့အကောင့် အခိုးခံထားရတယ်ဆိုတာသိတယ်။ အဲဒီအကောင့်ကနေပြီး ပိုက်ဆံတွေလိုက်ချေးနေတာ မချေးနဲ့ဆိုပြီး ကျွန်မကို သိပေးလိုက်တာ” ဟု ကိုယ်တိုင်ကြုံရသည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ Dawei Watch၏ စုံစမ်းမေးမြန်းမှုတို့အရ […]

ထားဝယ်တွင် ငါးဖမ်းလှေပေါ် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Dawei Watch

March 26, 2025

ထားဝယ်ခရိုင်အနီးရှိ ပင်လယ်ပြင်တွင် ဝါလတ်ငါးဖမ်းလှေတစ်စီးပေါ် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ခိုင်လင်းစိုး ၁၀၈ အမည်ရှိ ဝါလတ်ငါးဖမ်းလှေသည် မတ်လ ၂၅ ရက် နံနက်ပိုင်းက ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် လှေပေါ်တွင် လူသတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦနိုင်မျိုးသွင်က ပြောသည်။ “မနေ့က ညနေလောက်မှာ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ လှေကတော့ စမ်းလှမ်းကို ည ၁၁နာရီလောက်မှ ဝင်တယ်။ ဒီမနက် ကမြောကင်းတံတားဖွင့် ဖွင့်ချင်းပဲ DB (ရုပ်အလောင်း) နဲ့ ဒဏ်ရာရသူတွေကို သွားသယ်လာတယ်” ဟု ၎င်းက ဆိုသည်။ ငါဖမ်းလှေ ငါးဆွဲနေချိန် ပဲ့နင်းငယ်ဖြစ်သူ ဦးမောင်မြင့်အောင်က အိုးသူကြီးကို ပိုက်လှီးဓါးဖြင့် လည်ပင်းကို စတင် လှီးဖြတ် ရာမှ […]