ရေဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီး လက်နက်များသိမ်းဆည်းရမိဟုထုတ်ပြန်
Dawei Watch
March 25, 2025ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား ပြည်ထောင်စုကားလမ်းမပေါ်တွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၄ ရက် နံနက်ပိုင်း၌ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှသိရသည် ။ ရေဖြူအခြေစိုက် ခမရ ၄၀၆ နှင့် ၄၀၇ စစ်ကောင်စီ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံးသည်ဟု သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒူရကစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကပြောသည် ။ “လမ်းကင်းလာယူတဲ့ စစ်ကြောင်းတစ်ခုလုံး ပစ်ခံရပြီး သုံးယောက်လောက်ပဲ ပြန်ထပြေးသွားတာမြင်ရတယ်။ သူတို့ဘက်(စစ်ကောင်စီ)က စစ်ကူက ထားဝယ်ကရော ၊ ရေဖြူကရော ညှပ်ပြီးလာကူလို့ နှစ်နာရီလောက်ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ အထိခိုက်မရှိဘဲ ဆုတ်လာခဲ့တယ်” ဟု ၎င်းကပြောဆိုသည် ။ စစ်ကောင်စီတပ်သားများထံမှ သေနတ် ၄ လက်နှင့် […]


