စစ်ကြောင်းကြောင့် ခွေးမဖောရွာတွင် ပိတ်မိသည့်အဘွားတစ်ဦး အချိန်မီဆေးကုခွင့်မရဘဲ ကွယ်လွန်
Dawei Watch
December 24, 2024ရေဖြူမြို့နယ်၊ ခွေးမဖောရွာကို စစ်ကြောင်းဝင်သောကြောင့် ပိတ်မိခဲ့သည့် အသက် ၇၀ကျော်အရွယ် အဘွားတစ်ဦး အချိန်မီဆေးကုသခွင့်ရဘဲ ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကြောင်းစဝင်သည့် ဒီဇင်ဘာလ ၁၈ရက် ကတည်းက အဆိုပါအဘွားသည် ကျန်းမာရေးအခြေအနေအရေးပေါ် ဖြစ်ခဲ့ကာ ဆေးရုံသို့ အချိန်မီ မပို့ဆောင်နိုင်ဘဲ ခြောက်ရက်အကြာတွင် ပိတ်မိခဲ့ကြောင်း နီးစပ်သူတို့က ပြောသည်။ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ရက်တွင် ခွေးမဖောရွာက ထွက်သွားသော်လည်း အနီးရှိ ဇာဒီရွာတွင် ရှိနေသဖြင့် ရွာသားများ ရွာထဲသို့ မဝင်ရဲ၊ မထွက်ရဲဖြစ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်တွင် ဇာဒီရွာမှ စစ်ကြောင်းထွက်သွားပြီးနောက် အဘွားကို ဆွေမျိုးနီးစပ်သူများ၏ ကူညီပို့ဆောင်ပေးမှုဖြင့် ဆေးရုံတင်ရန် ကံပေါက်သို့ ခေါ်ဆောင်လာခဲ့ပြီး ယင်းနေ့ ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းတွင် […]


