ထားဝယ်သို့ စစ်ကောင်စီရဟတ်ယာဉ်သုံးစင်းရောက်၊ အထူးစီးပွားရေးဇုန်သို့ ဆက်သွား
Dawei Watch
April 19, 2025ထားဝယ်မြို့ရှိ လေယာဉ်ကွင်းသို့ ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းတွင် Mi 17 အမျိုးအစား ရဟတ်ယာဉ်သုံးစင်း တစ်ပြိုင်နက် ရောက်ရှိလာကြောင်း မြို့ခံများနှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ အဆိုပါရဟတ်ယာဉ်သုံးစင်းသည် မော်လမြိုင်မြို့မှ ပျံသန်းလာပြီး ထားဝယ် လေယာဉ်ကွင်းတွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းအား စောင့်ကြည့်ထောက်လှမ်းနေသည့် Enemy Air Route တယ်လီဂရမ်ချယ်နယ်က ဖော်ပြသည့် အချက်အလက်များအရသိရသည်။ ထားဝယ်မြို့ခံအချို့ကလည်း ယနေ့ နံနက် ၁၁ နာရီကျော်တွင် ထားဝယ်လေယာဉ်ကွင်း သို့မဟုတ် စကခ ၈ ဘက်မှ ရဟတ်ယာဉ်အသံများ ကျယ်လောင်စွာ ကြားရကြောင်း ပြောဆိုသည်။ “(ရဟတ်ယာဉ်) ဆင်းတာတော့ မမြင်လိုက်ဘူး။ အသံတော့ကြားတယ်။ လေယာဉ်ကွင်းထဲပဲဖြစ်မလား၊ စကခ ၈ထဲပဲ ဆင်းလားတော့ […]


