စစ်ကောင်စီက လောင်းလုံးမြို့နယ်ကို စက်သုံးဆီနှင့် စားသောက်ကုန်သယ်ခွင့်ပိတ်
Dawei Watch
December 30, 2024ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်သို့ သယ်ဆောင်မည့် စက်သုံးဆီနှင့် စားသောက်ကုန်များကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးပြီး သယ်ယူခွင့်မပြုကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။ အကြောင်းပြချက် တိတိကျကျမပြောဘဲ ဒီဇင်ဘာလ ၂၈ ရက်ကတည်းက ယင်းကဲ့သို့ ပစ္စည်းသယ်ယူခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ကားသမားများက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း “ဝယ်ထားတဲ့ ပစ္စည်းတွေတောင် သယ်မရဘဲ (ထားဝယ်) မြို့ထဲမှာ သောင်တင်နေတာ နှစ်ရက်ရှိနေပြီ” ဟု ပြောဆိုသည်။ စက်သုံးဆီ၊ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်မှစပြီး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က သယ်ယူခွင့်မပြုတော့ကြောင်း ကုန်တင်ကားသမားတစ်ဦးက ဆိုသည်။ “အရင်တုန်းကတော့ ပိုက်ဆံပေးပြီး သယ်လို့ရသေးတယ်။ အခုက ပေးကမ်းပြီးတောင် သယ်မရတော့ဘူး” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ပိတ်ဆို့လိုက်သဖြင့် လောင်းလုံးမြို့နယ်ရှိ […]


