ပန်းရောင်ဘတ်အသစ်လုပ်သူများကို နိုင်ငံကူးလက်မှတ်ထဲ ဗီဇာထည့်ခွင့်ပြု
Dawei Watch
February 5, 2025ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ထားသော ရွှေ့ပြောင်းအလုပ်သမား များကို သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ်ထဲသို့ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းခွင့်ပြုပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ ဗီဇာထည့်သွင်းလိုသူများသည် အမည်စာရင်း (Name List) စာရွက်၊ ဘိုင်အနုမတ် ဟုခေါ် သည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ် စာရွက်များ ရရှိထားပြီး ထိုင်း လဝကတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်၍ ကိုယ်ရေးအချက်အလက် သွင်းပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းလုပ်ငန်းစဉ် ပြီးဆုံးသူများအနေဖြင့် Non L-A ဟုခေါ်သည့် အခြေခံအလုပ်သမားဗီဇာကို သက်တမ်းကျန်ရှိနေသော နိုင်ငံကူးလက်မှတ် (PV၊ PJ) ထဲသို့ ဖြစ်စေ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထဲသို့ ဖြစ်စေ ထည့်သွင်း […]


