မဟာချိုင်က ဆောက်လုပ်ဆဲ မိုးပျံလမ်းပြိုကျမှုတွင် မြန်မာလေးဦးသေဆုံး
Dawei Watch
November 29, 2024ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဆောက်လက်စ မိုးပျံအဝေးပြေးလမ်းမကြီးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် သေဆုံးသူ၏ မိသားစုဝင်တို့၏ ပြောဆိုချက်များအရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၄ နာရီခန့်က မဟာချိုင်ဈေးသစ်အနီးရှိ ဖလန်စောင်လမ်းမကြီးပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း စမွတ်စခွန် ပြန်ကြားရေးဌာနက ယနေ့နံနက် ၁၀ နာရီခန့်က ထုတ်ပြန်ထားသည်။ သေဆုံးသူအရေအတွက် ထပ်တိုးရှိနိုင်သေးကြောင်းလည်း ဆိုသည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများမှာ ကိုချစ်ကိုကို၊ ကိုဧရာ၊ ကိုဖြိုးကိုကိုနှင့် ကိုအောင်သိန်းဌေးတို့ဖြစ်ကြပြီး ကိုချစ်ကိုကိုနှင့် ကိုဧရာတို့၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျန်နှစ်ဦးသည် အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]


