စစ်မှုထမ်းရှောင်လာသူ အများစုအပါအဝင် မြန်မာ ၁၆၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
Dawei Watch
February 19, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသဖြင့် မြန်မာ ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကန်ချနဘူရီခရိုင်ထဲရှိ စန်ခရာဘူရီနှင့် ထိုးဖားဖမ်းဒေသများတွင် မြန်မာနိုင်ငံ သားများ တရားမဝင် ဝင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၈ ရက်က စန်ခရာဘူရီဒေသ နော့လူရွာရှိ ရေလယ်ကျွန်းပေါ်တွင် ပုန်းနေသော မြန်မာနိုင်ငံသား ၁၁၆ ဦးနှင့် လမ်းပြ နှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၄၄ ဦးပါဝင်ပြီး အများစုသည် အသက် ၁၉ နှစ်မှ ၃၅ နှစ်အရွယ်များ ဖြစ်ကြသည်။ ထုတ်ပြန်ထားသော ဓါတ်ပုံများအရ […]


