ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် မြန်မာလုပ်သား ၁၅၆ ဦး အစုလိုက်ဖမ်းဆီးခံရ
diz_admin
May 6, 2022ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာခ့်ခရိုင် တောင်တန်းပေါ်တွင် လမ်းလျှောက်လာနေသော တရားမဝင် နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သား ၁၅၆ ဦးကို ယနေ့မေလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဝမ်ကျောက်ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ဖမ်းဆီးခံရသော မြန်မာလုပ်သားများသည် တာခ့်ခရိုင်၊ ဝမ်ကျောက်မြို့နယ် ထုံချိုင်းတောင်တန်းမှတစ်ဆင့် ကရာ့ေပါေတာင်တန်းဆီသို့ ဦးတည်လမ်းလျှောက်နေသည်ကို ဝမ်ကျောက်ရဲစခန်းက ကြိုတင်သတင်းရရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့များမှ ပူးပေါင်းဖမ်းဆီးရမိခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူမြန်မာလုပ်သား ၁၅၆ ဦးထဲတွင် အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၃ ဦးတို့ပါဝင်ကြသည်။ ဖမ်းဆီးမိသူများကို ကား ၁၂ စီးဖြင့် ဝမ်ကျောက်ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ကိုဗစ်ပိုးရှိမရှိစစ်ဆေး၍ ထိုင်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဆိုသည်။ ပြီးခဲ့သောနေ့ မေလ ၅ ရက်နေ့တွင်လည်း ကော့သောင်း-ရနောင်း နယ်စပ်မှတစ်ဆင့် စဒေါင်းခရိုင်အထိ ဘတ် ၃၀၀၀၀ (ကျပ် ၁၇သိန်းခန့်) […]


