ထိုင်းတွင် မြန်မာအမျိုးသမီးနှစ်ဦးရုပ်အလောင်း စွန့်ပစ်ခံထားရ
diz_admin
May 24, 2022ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်တွင် စွန့်ပစ်ခံထားရသော အမျိုးသမီးရုပ်အလောင်းနှစ်ခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေသော အလောင်း နှစ်လောင်းကို မေလ ၁၉ ရက်နေ့တွင် ချိုင်နတ်ခရိုင် (Chai Nat) ဟန်နမ်းစခွန်မြို့၊ ဘန်နောင်သာတွန်ရွာရှိ လမ်းဘေးတောတစ်နေရာတွင် နွားကျောင်းသားတစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ စုံစမ်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အလောင်းစွန့်ပစ်သွားသော ထိုင်းနိုင်ငံသား ကားသမား သုံးဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောဆိုသည်။ ကားသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၀ ဦးကို တာခ့်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာတစ်ခုမှ သီးနှံများတင်ဆောင်လာသောကားဖြင့် တင်ဆောင်ကာ အာရှလမ်းမကြီး တစ်လျှောက် မောင်းနှင်ခဲ့သည်ဟုထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် ချိုင်နတ်ခရိုင်တွင် […]


