ထိုင်းတွင် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ
diz_admin
April 25, 2022တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၆ ဦးတို့ကို မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ ဖမ်းမိသူများအနက် ဖျားနာနေသူ တစ်ဦးပါဝင်ပြီး ကိုဗစ်ပိုး ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးပြီးနောက် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန်သည်။ ကျန် ၅၅ ဦးကိုမူ ဥပဒေကြောင်းအရ အရေးယူရန် သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာ ပဲခူးတိုင်း၊ […]


