ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ၁၃ နှစ်ကြာ အဓမ္မခိုင်းစေခံရသည့် ထားဝယ်သူလေးအမှု ၆ လကြာသည်အထိ တရားရုံးမတင်နိုင်သေး

diz_admin

June 6, 2022

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၃ နှစ်ကြာ ပိတ်လှောင်ကာ အိမ်ဖော်အဖြစ် အတင်းအကျပ် ခိုင်းစေခံရသည့် ထားဝယ်သူလေး မသဉ္ဇာဝင်းအမှုမှာ ၆ လကြာလာသည်အထိ တရားရုံးမတင်နိုင်သေးကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ မိန်းကလေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်‌နေ့တွင် ထိုင်းထောက်လှမ်းရေး အဖွဲ့တစ်ခုဖြစ်သော DSI(The Department of Special Investigation) အဖွဲ့က ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ မသဉ္ဇာဝင်းကို ဘန်ကောက်မြို့ စွင်လန်း(Suan Laung)မြို့နယ် ပါကမက် (Pakamas)အိမ်ရာအတွင်းရှိ နေအိမ်တွင် ဝင်ရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုကို ဖော်ထုတ်နိုင်ခဲ့သည်မှာ ၆ လကြာပြီဖြစ်သော်လည်း တရားစွဲဆိုနိုင်ရေးမှာ အချိန်လိုအပ်နေသေးကြောင်း သိရသည်။ သူမကို အဓမ္မခိုင်းစေသူများအား တရားစွဲနိုင်ရန် အချက်အလက်များ စုဆောင်းနိုင်ခဲ့သော်လည်း မသဉ္ဇာဝင်းမှာ အကြားအာရုံအားနည်းနေ၍ ဆေးကုသမှုခံယူနေသောကြောင့် တရားစွဲဆိုမည့်ရက်ကို […]

နေရပ်စွန့်ခွာကြသူများ

diz_admin

June 4, 2022

တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် လူငယ်များမရှိတော့၊ အများစုက စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များလုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်နေကြရသည်။ “လူငယ်တွေ မရှိကို မရှိတော့ဘူး သွားနေကြတာကလေ၊ ရော်ဘာခြံတွေ၊ လယ်တွေပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတွေတော့ ကျန်ရစ်တာပေါ့၊ သားငယ်ပိုင်းတွေ သွားကြတာပေါ့” ဟုထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အ အနောက်ဘက်ကမ်းရှိကျေးရွာတစ်ရွာမှ အသက် ၆၀ ခန့်ရှိ ဒေါ်စိန်သောင်း (အမည်လွှဲ)က ဆိုသည်။ ဒေါ်စိန်သောင်းတို့ လင်မယားတွင် သားသမီး သုံးဦးရှိပြီး သားလတ်နှင့် သမီးအငယ်မှာ ယခုနှစ်ဆန်းပိုင်းအထိ မိဘများနှင့်အတူနေထိုင်ကြသည်။ သူတို့တွင်လယ် ၇ ဧကနှင့် ရော်ဘာခြံ ၄ ဧကရှိသည်။ အသက် ၂၃ နှစ်ခန့်ရှိ သမီးအငယ်မှာ စစ်အာဏာမသိမ်းခင်က ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဖြစ်ပြီး အာဏာသိမ်းကာလတွင် စက်ချုပ်သင်တန်းတက်နေရာမှ ယခုနှစ် မတ်လခန့်တွင် အလုပ်လုပ်ရန် […]

ထိုင်းနိုင်ငံသားအသတ်ခံရမှုတွင် ဖမ်းဆီးစစ်ဆေးခံရသည့် မြန်မာလုပ်သား ၁၇၇ ဦးအထိရှိလာ

diz_admin

June 3, 2022

ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမားများကို သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အသည်းအသန် ရှာဖွေလျက်ရှိရာ နှစ်ရက်အတွင်း မြန်မာ ၁၇၇ ဦးကို ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ ထိုင်းလျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး တောထဲတွင် ဇွန်လ ၁ ရက်နေ့၌ ထိုင်းအာဏာပိုင်များ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ယင်း‌မြို့ပတ်ဝန်းကျင်ကို အသည်းအသန် ရှာဖွေနေခြင်းဖြစ်သည်။ ယင်းသို့ ရှာဖွေနေစဉ် ဇွန်လ ၁ ရက်နေ့ ညပိုင်းတွင် မြန်မာအလုပ်သမား ၁၉ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးတို့ကို အလောင်းတွေ့ရှိရာနှင့် ၇ကီလီမီတာအကွာတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှုနှင့် သက်ဆိုင်မှုရှိမရှိ စစ်ဆေးနေကြောင်း ထိုင်းသတင်းများတွင် ရေးသားသည်။ ၎င်းတို့မှာ တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် လမ်းခရီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ […]

ဝါဒဖြန့်ချိခြင်း ဆိုသည်မှာ

diz_admin

June 2, 2022

လူဆိုတာ စရှိ ကတည်းက ဝါဒဖြန့်ချိခြင်းဆိုတာ ရှိနှင့်ပြီးသား လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဝါဒဖြန့်ချိခြင်း (Propaganda) ဆိုတဲ့ စကားလုံးကိုတော့ ပထမ ကမ္ဘာစစ်မှာ စသုံးတယ်လို့ ဆိုပါတယ်။ အဲဒီအကြောင်းကို Dawei Watch က စုစည်းဖော်ပြထားပါတယ်။

ဝါဒဖြန့်ချိခြင်း ဆိုသည်မှာ 

diz_admin

June 1, 2022

လူဆိုတာ စရှိ ကတည်းက ဝါဒဖြန့်ချိခြင်းဆိုတာ ရှိနှင့်ပြီးသားလို့ ယုံကြည်ကြပါတယ်။  ဒါပေမဲ့ ဝါဒဖြန့်ချိခြင်း (Propaganda) ဆိုတဲ့ စကားလုံးကိုတော့ ပထမ ကမ္ဘာစစ်မှာ စသုံးတယ်လို့ ဆိုပါတယ်။ ဝါဒဖြန့်ချိခြင်း ဆိုတာကတော့ တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဩဇာလွှမ်းမိုးလိုတဲ့ အခါ သုံးပါတယ်။ တစ်ဖွဲ့ဖွဲ့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ ယုံကြည်မှု၊ စိတ်နေသဘောထား၊ အပြုအမှုတွေ ပြောင်းလဲလာအောင်၊ သူတို့ လိုချင်တဲ့ အတိုင်း လှည့်စားချုပ်ကိုင်ဖို့၊ အကြောက်တရားသွင်းဖို့ ရည်ရွယ်ပြီး ဝါဒဖြန့်သူက နည်းအမျိုးမျိုးအသုံးပြုပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

ထိုင်းမြောက်ပိုင်းတွင် မြန်မာလုပ်သားများ မိသားစုလိုက် ဖမ်းဆီးခံရ

diz_admin

June 1, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုကို မေလ ၃၁ ရက် ညပိုင်းက ဖမ်းမိပြီး ယင်းအနက် ကလေးငယ် ၁၀ကျော်ပါဝင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း မဲဟွန်ဆွန်ခရိုင် (Mae Hong Son) ၊ ခုမ်ယွမ်မြို့ (Khum Yuam) တောတွင်း တစ်နေရာတွင် မြန်မာ ၂၆ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုကားကာ ယင်းသတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် မဲဟွန်ဆန်ခရိုင်မှတစ်ဆင့် ပစ်ကပ်ကားဖြင့် ပထုံဌာနီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေစဉ် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မဲငေါင်ရွာအနီးရှိ တောထဲတွင် ဖမ်းမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်ရန်စီစဉ်နေသည်ဟု ဒေသခံများ၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များနှင့် မဲဟွန်ဆွန်လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်း၍ […]

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်တော့မည်

diz_admin

June 1, 2022

ကိုဗစ်‌ကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ် ကော့သောင်း – ရနောင်းဂိတ်ကို ယခုဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နယ်စပ်ဂိတ်ပြန်ဖွင့်ပါက စာအုပ်အပြာရောင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရားဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ “(ကော့သောင်း) ခရိုင်းမှူးက ပြောတာတော့ (ဇွန်လ) ၃ ရက်နေ့လောက် ဖွင့်ဖို့ရှိတယ်။ အတိအကျကြီးတော့ မဟုတ်သေးဘူးပေါ့နော်။ နယ်စပ်ဂိတ်ပြန်ဖွင့်မှာကတော့ သေချာတယ်” ဟု ၎င်းက ပြောဆိုသည်။ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ကို ကော့သောင်းမြို့ခံများ (ကော့သောင်း အိမ်ထောင်စု စာရင်းရှိသူများ) ကိုသာ သီးသန့်ထုတ်ပေးခြင်းဖြစ်ပြီး ခုနှစ်ရက် နေထိုင်ခွင့်လက်မှတ်နှင့် ၁၄ ရက်‌နေထိုင်ခွင့် လက်မှတ်ဟု နှစ်မျိုးရှိသည်။ ယခုနယ်စပ်ဂိတ်ပြန်ဖွင့်ပါက ခုနစ်ရက် နေထိုင်ခွင့်လက်မှတ်များဖြင့် သွားရောက်ခွင့်ပြုမည် […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

diz_admin

May 25, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ကို ကန်ချနဘူရီခရိုင်တွင် ယနေ့ (မေ ၂၅) ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်၊ Mueang မြို့၊ Wang Dong ဒေသရှိ လမ်းဘေးတနေရာတွင် ၁၈ ဘီး ကုန်တင်ကား တစ်စီးရှိ‌နေသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ ၉၆ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေးငယ် သုံးဦး ပါဝင်ကာ ၎င်းတို့အား ပို့ဆောင်ပေးသည့် ကားသမားကိုလည်း ဖမ်းမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးချိန်တွင် မြန်မာအလုပ်သမားများသည် ကားပေါ်မှ ဆင်းပြေး၍ […]