ထားဝယ်ခရိုင်တွင် မိုးကြီးပြီး ရေလျှံ၊ သစ်ပင်များလည်းကျိုးကျ
Dawei Watch
July 25, 2024ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့နှင့် ခရိုင်အတွင်း မြို့ရွာအချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု တို့ကြောင့် ဇူလိုင်လ ၂၅ ရက်တွင် မိုးကြီးရေလျှံခြင်း သစ်ပင်ကျိုးခြင်းတို့ ဖြစ်ပွားနေကြောင်း မြို့ခံများနှင့် ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်၊ ဆေးရုံလမ်းနှင့် ကျောက်မော်ရပ်၊ မြိတ်လမ်းတို့တွင် လမ်းမပေါ်ရေကျော်နေပြီး နှစ်စဉ် ရေလျှံလေ့ရှိသည့် မြို့သစ်ရပ်ကွက်တွင်လည်း အချို့နေရာများတွင် ရေဝင်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်များအတွင်း နေထိုင်သူများက ပြောသည်။ “ဆေးရုံလမ်းက ပေါင်ရင်းလောက်အထိ ရေတက်နေပြီ။ ရေထဲဖြတ်မောင်းထဲ ကားနှစ်စီးတောင် စက်ရပ်သွားလို့ ရပ်ထားရတယ်” ဟု ဆေးရုံလမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆေးရုံတံတားလမ်းမှ လောကမာရဇိန်ဘုရားကြီးအရှေ့က ဘုရားကြီးတိုက်ကျောင်းဝင်းအထိ ရေဝင်နေသဖြင့် သံဃာများ အတွက် ကယ်ဆယ်ရေးလှေတစ်စင်း ပေးထားရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ဆိုသည်။ သရက်ချောင်းမြို့နယ်ဘက်မှ […]


