တနင်္သာရီ ညောင်ပင်ကွင်းရွာအုပ်စုတွင် ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားအဖြစ်များလာ
Dawei Watch
August 1, 2024တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားရောဂါအဖြစ်များနေကြောင်း ရေဘေးသင့် ပြည်သူများ၊ ကျန်းမာရေးနှင့် ကူညီကယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။ အူရောင်ငန်းဖျားနှင့် ဆက်စပ်ရောဂါများမှာ ကလေးအရွယ်မှစပြီး လူကြီးပိုင်းအထိ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသည့် ဒေသခံအမျိုးသားက ပြောသည်။ ယခုလက်ရှိတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး၏ စာရင်းအရ ၁၅ဦးအထိဖြစ်ပွားနေပြီး မြေပြင်တွင် ယင်းထက်ပိုများ နေနိုင်ကြောင်း ၎င်းက ဆိုသည်။ “အူရောင်ငန်းဖျားက ရေမတက်ခင်က တစ်ယောက် နှစ်ယောက်စဖြစ်ပေမယ့် အခုပိုဆိုးလာတယ်။ အခုဆိုရင် ၁၅ ယောက် လောက်ဖြစ်နေတယ်၊အရွယ်စုံပဲ။ လက်ရှိ ဆေးရုံပို့ပေးထားရတာ တစ်ယောက်ရှိတယ်။ မသက်သာသေးဘူး” ဟု ၎င်းက ပြောသည်။ အူရောင်ငန်းဖျားရောဂါ လက္ခာပြသူများကို စစ်ဆေးချိန်တွင် ရောဂါဖြစ်ပွားနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။ အူရောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငန်းဖျား၊ […]


