တစ်ဘေးပေါ် တစ်ဘေးဆင့် ဘေးအမြင့် ပတ်ခြံရံ
Dawei Watch
July 31, 2024ရေဘေးအကြား စစ်ကြောင်းက ထပ်ထိုးသေးသည်။ မကပါ။ လေကြောင်းကလည်း တိုက်သေးသည်။ တနင်္သာရီဒေသ၏ ရှေးဟောင်းမြို့ငယ် ကလေးမှာ တစ်ဘေးပေါ် တစ်ဘေးဆင့်ခံနေရသည်။ တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသသည်လည်း ထိုနည်းလည်းကောင်းပင်။ စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၁၂၇၇ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင် ၃၁ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့က ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေးခေါ်ပြီး အာဏာသိမ်းကာကို ခြောက်လ ထပ်မံသက်တမ်းတိုးလိုက်သည်။ စစ်ခေါင်းဆောင်နှင့် အဖွဲ့က အာဏာတည်မြဲရေး ကြိုးစားနေချိန်တွင် ပြည်သူများကတော့ ရေကြီးရေလျှံမှုများနှင့် ကပ်ဘေးအမျိုးမျိုးကို ခါးစည်းခံနေကြရသည်။ စစ်ကောင်စီက ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေသည့် တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးမပြတ်သလို မနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ကလည်း လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ […]


