ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘာဝဝန်းကျင်/ဥတုဘေး

ပူတယ်လေ ဆယ်နေကဲ-တောင်အာရှတစ်ခွင် ဘာဖြစ်နေလဲ

Dawei Watch

May 5, 2024

၁၇ ရာစုမှာ ပီရူးနိုင်ငံက တံငါသည်တွေဟာ သမုဒ္ဒရာထဲမှာ သဘာဝတရားရဲ့ ထူးခြားတဲ့ အခြင်းအရာတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ သူတို့ တွေ့ရှိလိုက်တဲ့ အခြင်းအရာဟာ အနာဂတ်မှာ ကမ္ဘာကြီးကို ဘယ်လိုဒုက္ခပေးတော့မယ်ဆိုတာကို အဲဒီအချိန်က ပီရူးတံငါသည်တွေ သိခဲ့ကြလောက်မယ် မဟုတ်ပါဘူး။ ခရစ္စမတ်ကာလနားရောက်လာပြီဆိုရင် ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်အခြမ်းက ပင်လယ်ရေတွေဟာ သိသာထူးကဲစွာ ပူနွေးလာပြီး ရာသီဥတုပုံသဏ္ဍန်လည်း ပြောင်းလဲမှုတွေ ရှိလာတယ်။ သူတို့အဖို့ ငါးဖမ်းရတာလည်း ပိုခက်ခဲလာတယ်။ သမုဒ္ဒရာထဲက ဒီလို ဖြစ်တတ်တဲ့ အခြင်းအရာကို ပီရူးတံငါသည်တွေက နာမည်တစ်ခုပေးခဲ့ကြတယ်။ “El Niño de Navidad” “အယ်နီညို” စပိန်ဘာသာစကားနဲ့ဆိုရင် “ဘုရားသခင်ရဲ့ သားတော်လေး” လို့ အဓိပ္ပါယ်ရတယ်။ ခရစ္စမတ်ကာလ အနားတဝိုက်မှာ ဒါကို ပထမဆုံး သတိပြုမိခဲ့ကြပြီး သမုဒ္ဒရာထဲမှာ ဒီအခြင်းအရာဖြစ်ပေါ်လာတိုင်း ပင်လယ်ရေတွေ […]

ထားဝယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ကျော်အထိ ရောက်ပြီး စံချိန်သစ်ထပ်တင်

Dawei Watch

April 10, 2024

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ဧပြီလ ၉ ရက် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိပြီး စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ရက်တွင် ထုတ်ပြန်သည်။ ယင်းအပူချိန်သည် ၂၀၂ဝ ခုနှစ် ဧပြီလ ၂၂ ရက်တွင် စံချိန်တင်ခဲ့သည့် အပူချိန်စံချိန်အားကျော်လွန်၍ မိုးလေဝသစခန်းတည်ဆောက်ချိန်မှစ၍ ၇၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်လာသည်။ ထားဝယ်မြို့သည် ယခုနှစ်နွေရာသီတွင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ မတ်လကတစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် စုစုပေါင်းအပူချိန်စံချိန်သစ် သုံးကြိမ်တင်ခဲ့သည်။ အလားတူ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့တွင်လည်း နေ့အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲစီးယပ်ဖြင့် ၁၉၉၂ ခုနှစ်က အမြင့်ဆုံး နေ့အပူချိန်စံချိန်ကို ကျော်လွန်၍ ၄၁ နှစ်အတွင်း စံချိန်သစ်တင်ခဲ့သည်။ “မနေ့ကတော့ […]

ထိုင်ဝမ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ဂျပန်တွင် ဆူနာမီရိုက်ခတ်နိုင်ဟု အရေးပေါ်သတိပေး

Dawei Watch

April 3, 2024

ထိုင်ဝမ်ကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းတွင် ရစ်ချက်စတာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင် ယနေ့ နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။ ငလျင်ကြောင့် ဂျပန်နိုင်ငံကလည်း ဂျပန်စံတော်ချိန် ၉ နာရီ မတိုင်ခင်က ၃ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းများ တောင်ဘက် ကျွန်းများထံသို့ ရိုက်ခတ်နိုင်ကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။ ငလျင်၏ ဗဟိုချက်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် Hualien မြို့နှင့် ၁၁ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်များအပါအဝင် ငလျင်များစွာ လှုပ်ခတ်ခဲ့သေးသည်။ မြို့၏ အပျက်အစီးများစွာကိုလည်း ပြည်သူများက ဗီဒီယိုမှတ်တမ်းဖြင့် တင်ထားသည်ကို တွေ့ရှိရသည်။ ငလျင်ဒဏ်ကြောင့် အဆောက်အအုံများစွာ ပြိုကျပြီး လမ်းများလည်း ပျက်စီးသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများအရ […]

တနင်္သာရီတိုင်းတွင် ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်

Dawei Watch

March 19, 2024

တနင်္သာရီတိုင်းတွင် လာမည့် ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်သည်ဟု မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီဌာနက ယနေ့(မတ် ၁၉) ထုတ်ပြန်ထားသည်။ ယနေ့ မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အတင့်အသင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းကြောင့် ယနေ့ ညနေမှ လာမည့် ၄၈ နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကြောင်းသိရသည်။ “ဒီနေ‌ ညနေ မိုးအုံ့ပြီး ထစ်ချုန်းတာမျိုးတွေတော့ရှိတယ်။ ရွာတော့မရွာသေးဘူး “ဟု တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ယနေ့ ညနေ ၄ နာရီ နောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ အနောက်မြောက်ဘက်နှင့် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းပေါ်တွင် […]

ဒေသကိုထိခိုက်နိုင်သော်လည်း ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

Dawei Watch

March 1, 2024

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြေရှိသဖြင့်NLD အစိုးရလက်ထက်က အဆင့်မြှင့်တင်ခြင်း မလုပ်ခဲ့သည့် ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို စစ်ကောင်စီက ပြန်လည်အကောင်‌အထည်ဖော်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရေအားလျှပ်စစ်မှာ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် တည်ရှိသည်။ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy ကုမ္ပဏီကို အဆိုပါရေအားလျှပ်စစ်ဖြစ်မြောက်နိုင်ခြင်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာရန် ထားဝယ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကနဦးသဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ လက်မှတ်ရေးထိုးအခမ်းအနားသို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်အပါအဝင် အဖွဲ့တချို့တက်ရောက်ခဲ့ပြီး ကုမ္ပဏီဖက်မှ ဥက္ကဋ္ဌ ‌ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြောင်း တိုင်းစစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ လတ်တလော ကီလိုဝပ် ရာဂဏန်းသာ လျှပ်စစ်ထုတ်လုပ်ပေးနေသော ကတ္တလူ ရေအားလျှပ်စစ်လုပ်ငန်းကို ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် တိုင်းစစ်ကောင်စီက အဆင့်မြှင့်တင်လိုနေခြင်းဖြစ်သည်။ ကတ္တလူ အသေးစားရေအားလျှပ်စစ်ကို […]

ထားဝယ်နှင့် မော်လမြိုင်တွင် ​​နေ့အပူချိန်မြင့်တက်​နေပြီး စံချိန်သစ်တင်

Dawei Watch

February 27, 2024

ထားဝယ်မြို့နှင့် မော်လမြိုင်မြို့များတွင် ယခုအပတ်အတွင်း ​နေ့အပူချိန်ဆက်တိုက် မြင့်တက်​နေပြီး အပူချိန်စံချိန်အသစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ထံမှသိရသည်။ ယခုနှစ်မှာ အစွန်း​ရောက် ရာသီဥတုဖြစ်သည့် ပူပြင်း​ခြောက်​သွေ့​သော အယ်နီညိုရာသီဥတုကို ကြုံ​တွေ့ရမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒပညာရှင်များက ​ပြောဆိုထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက မိုးဇလ၏ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့များ၏ အပူချိန်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးခဲ့ကြောင်းဖော်ပြထားသည်။ မော်လမြိုင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်၌ အပူချိန် ၃၉ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က အမြင့်ဆုံးအပူချိန်စံချိန်ဖြစ်သည့် ၃၈ဒသမ၈ ဒီဂရီစင်တီဂရိတ် (၁၀၁ဒသမ၈ […]

မုန်တိုင်းအရှိန်ကြောင့် တိုင်းအတွင်း မိုးရွာဦးမည်

Dawei Watch

December 1, 2023

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ မုန်တိုင်းငယ်သည် ဒီဇင်ဘာလ ၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သော်လည်း လတ်တလော ခန့်မှန်းချက်များအရ မြန်မာနိုင်ငံကို ဦးတည်လာနိုင်ဖွယ်မရှိဟုဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံကို ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဒီဇင်ဘာလ(ပထမ)ဆယ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်သလို လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ထပ်မံ ဖြစ်ပေါ်နိုင်ပါသည်ဟုလည်း မိုးဇလထုတ်ပြန်ချက်များက ဆိုသည်။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ပင်လယ်တွင် လှိုင်းထန်ပြီးမိုးသက်လေပြင်းကျနိုင်ကြောင်း ရေလုပ်သားများကို သတိပေး

Dawei Watch

November 24, 2023

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ခြေရှိကြောင်း မိုးလေဝသ သတိပေးချက်ထုတ်ထားသည်။ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ပင်လယ်ပြင်ရေလုပ်သားများအတွက် သတိပေးချက်ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၃ ရက်က ရေးသားသတိပေးထားခြင်းဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့် အခြေအနေတစ်ခု ထိုင်းပင်လယ်ကွေ့တွင် အစပြုနေကြောင်း ဦးဝင်းနိုင်က ရေသားထားသည်။ မုန်တိုင်းအစပြုရာမှ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်သည့်အချိန် နိုဝင်ဘာလ ၂၇ နှင့် ၂၉ ရက်ကြားတွင် မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ဆိုထားသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း၊ ကမ်းနီး၊ ကမ်းဝေးရေပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။ နိုဝင်ဘာလ ၃၀ ရက်တွင်မူ မုန်တိုင်းဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ အထိရှိလာနိုင်ပြီး လှိုင်းအမြင့် ၃၃ ပေခန့်အထိရှိနိုင်‌သည်ဟုဆိုသည်။ […]