မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျနိုင် ဟုဆို
Dawei Watch
November 16, 2023တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုင်းပင်လယ်ကွေ့ဘက်မှဝင်လာသည့် လေပွေလှိုင်းသည် ကပ္ပလီပင်လယ်တောင်ပိုင်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်ကို ရောက်လာပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း ဖြစ်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်ကိုရောက်နေပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်သည်ဟု မိုးလေဝသအခြေအနေများကို ဖော်ပြနေသည့် Joint Typhoon Warning Center-JTWC က ကြေညာထားသည်။ အထက်ပါမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက် နေ့အထိ နေရာအနှံ့မိုးရွာနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်ရေး သုတေသီ ဦးဝင်းနိုင်က ၎င်း၏ […]


