လွန်ခဲ့တဲ့ နှစ်သုံးဆယ်အကျော်က ချင်းတွင်းမှ ပင်လယ်သို့
diz_admin
February 11, 2020ချင်းတွင်းမှ ပင်လယ်သို့ လူထုဒေါ်အမာ လူထုကြီးပွားရေးစာအုပ်တိုက် ၂၀၁၉ ၊ ဩဂုတ်လ (စတုတ္ထအကြိမ်) ၁၉၈၅ ၊ နိုဝင်ဘာ (ပထမအကြိမ်) မန္တလေးက လူထုမောင်နှံလို့ ပြောလိုက်တာနဲ့ စာဖတ်ဝါသနာပါတဲ့သူ တွေ အကုန်လုံး မသိတဲ့သူ မရှိကြပါဘူး။ မန္တလေးနဲ့ လူထုသတင်းစာ၊ လူထုစာအုပ် တိုက်ဆိုတာလည်း ခွဲလို့ မရပါဘူး။ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ပြည်သူလူထုအကျိုးအတွက် စာအုပ် စာပေတွေ အများကြီးပြုစုခဲ့တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ လူထုဒေါ်အမာက သူတို့ဇနီးမောင်နှံ အတူတကွ သွားရောက်ခဲ့တဲ့ ၁၉၈၀ ခုနှစ် ချင်းတွင်းမြစ်တစ်လျှောက်သွားခဲ့တဲ့ ခရီးအကြောင်းကို “သတင်းကြီးတဲ့ ချင်းတွင်း ခရီး” ဆိုတဲ့နာမည်နဲ့ သွေးသောက် မဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ သွားခဲ့တဲ့ မြိတ်၊ ထားဝယ်ခရီးတို့ အကြောင်းကိုတော့ […]


