စကားပြောသော ပန်းပွင့်များ
diz_admin
February 26, 2020ဆောင်းတွင်းကာလမို့ နံနက်ခင်း ဟာ နှင်းရည်လေးစိုစိုနဲ့ အနည်းငယ် အေးစိမ့်လို့။ ကိုယ့်ခြံဝိုင်းနဲ့ကိုယ် နေကြတဲ့ တောရွာအိမ်မို့ ငှက်အော်သံနည်းနည်း ကလွဲပြီး တခြားဆူညံသံမရှိတာကလည်း နံနက်ခင်းရဲ့ ပြည့်စုံခြင်းကို ဖြစ်စေပါ တယ်။ အိမ်ရဲ့ သံဇကာကွက်ကို ကျော်ပြီး၊ ခြံစည်းရိုးနားမှာ စိုက်ထားတဲ့ ပန်းပင် လေးတွေကို ငေးရင်း ကျွန်မရဲ့ တစ်နေ့တာ ကို အစပြုပြန်ပြီပေါ့။ ပန်းပင်တွေကို ခြံစည်းရိုးလုပ်ထား လို့ ခြံစည်းရိုးမှာ အရောင်အသွေးစုံ သူ့ထက်ငါ ပွင့်နေကြရဲ့။ ပင်လုံးကျွတ် ဆွတ်ဆွတ်ဖြူအောင် ပွင့်နေတဲ့ စကြာပန်း တွေရဲ့ အနီးမှာ တရုတ်စံကားပန်းတွေက တိုးဝှေ့ပြီး ပွင့်လို့။ အဲဒီအပင်တွေမှာ နွယ်တက်ပြီး ပွင့်နေတာက အောင်မဲညို။ နေရာလွတ်မရှိအောင် ရွက်လှပင်တွေက သူ့ထက်ငါ ထိုးထိုးထောင်ထောင်နဲ့။ ကြက်သွေးနဲ့ အစိမ်းရောင်သန်းတဲ့ ရွက်လှ […]


