လယ်သမားတို့ရဲ့ ရန်သူအသစ် ရွှေခရု
diz_admin
July 20, 2020ထားဝယ်ဒေသကထွက်တဲ့ စပါးတွေ ဈေးကွက်မဝင်ဘူး၊ တင်းတောင်းကြီးတွေ နဲ့ရောင်းနေရပါတယ်ဆိုပြီး ညည်းတွားနေ ကြတဲ့ လယ်သမားတွေရဲ့ ရန်သူအသစ် လာပြန်ပါပြီ။ စပါးပင်တွေကို ကိုက်ဖြတ် စားသောက်ဖို့ အဆင်သင့်စောင့်နေတဲ့ မျိုးစိတ်တစ်ခုက ထားဝယ်ဒေသဘက်မှာ ရှိနေပါပြီ။ အဲဒီမျိုးစိတ်က ရွှေခရု ဒါမှမဟုတ် ထိုင်ဝမ်ခရုလို့လည်း ခေါ်ပါတယ်။ သူက ပြည်ပကနေလာတဲ့ မျိုးစိတ်တစ်ခုပါ။ စပါးဖျက် အလွန်ကြမ်းတယ်လို့ သိရတယ်။ စပေါက်တာနဲ့ နုနုထွတ်ထွတ် ပျိုးပင်တွေ ကို ကိုက်ဖြတ်စားသောက်ပါတယ်။ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာ က လယ်သမားအချို့ ၂၀၁၈ ခုနှစ်မှာ အဲဒီလိုနည်းနဲ့ ရွှေခရုဖျက်တာကို ခံခဲ့ရပါ တယ်။ ထားဝယ်မြစ်ကမ်းနဲ့နီးတဲ့ လယ်ဧက ၃၀ လောက် ရွှေခရုဖျက်တာကို ခံလိုက်ရတာပါ။ မိုးကြီး၊ ရေလျှံတာတွေ ကြောင့် ထားဝယ်မြစ်ရေလျှံထွက်ပြီး လယ်ထဲကို မြစ်ရေတွေနဲ့အတူ […]


