ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

April 27, 2026

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီ ၁၁ -၁၇)

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • သရက်ချောင်းဒေသခံတွေရဲ့ ဆိုင်ကယ်တွေသိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်း
  • စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် နေအိမ် ၃ ဆောင်မီးလောင်ပြီး ပြည်သူ ၂ ဦး မီးလောင်သေဆုံး
  • ဝင်းဝစခန်းနားက စုံစင်ဖျားရွာကို လေယာဉ်နဲံဗုံးကြဲပြီး ရွာတချို့ကို စစ်သင်္ဘောကလက်နက်ကြီးနဲ့ ပစ်
  • ရန်ကုန်-ထားဝယ်လမ်းရှိ မရမ်းချောင်းရွာမှာ တိုက်ပွဲဖြစ်
  • မောတောင်လမ်းပိုင်းကို အင်အားလာဖြည့်တဲ့ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်
  • ကင်းလှည့်လာတဲ့ စစ်အာဏာရှင်တပ်လှေတစ်စီးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
  • ပြည်ကြီးမဏ္ဍိုင်ရှိ စစ်အာဏာရှင်တပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “ပြာပုံပေါ်က ပြည်သူ့ဘဝကို မဖုံးလွှမ်းနိုင်တဲ့ ဟန်ပြသင်္ကြန်”  အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။