ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

April 25, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • တနင်္သာရီက စစ်ဘေးရှောင်တွေ ငှက်ဖျားအဖြစ်များနေပြီး ဆေးကုသခွင့်ရဖို့ခက်ခဲ
  • သရက်ချောင်းမှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ ကလေးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ
  • ကလိန်အောင်မှာ ရော်ဘာခြံလုပ်သားငါးဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
  • တနင်္သာရီ တကူရွာအုပ်စုကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲ
  • ပုလော ဆင်ထိုးကြီးရွာက နေအိမ်ဆယ်ဆောင်မီးလောင်
  • ထားဝယ်မြို့ပေါ်မှာ သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး အဖေဖြစ်သူသေဆုံး
  • သထုံမှာ ယာဉ်တိုက်မှုဖြစ်ပြီး ရဟန်းနဲ့ ကိုရင် ခုနစ်ပါးပျံလွန်ပြီး လူသုံးဦးသေဆုံးတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “တနင်္သာရီတိုင်း စစ်အုပ်စုရဲ့ အမည်ပြောင်းပြဇာတ်” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။