ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

May 23, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မြိတ်မြို့မှာ ဆိုင်ကယ်လုယက်တာတွေ ဆက်တိုက်ဖြစ်

• ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလအတွင်း နေအိမ်တစ်ရာကျော် ပျက်စီး

• ဝင်းဝစခန်း စစ်အာဏာရှင်တပ်ဂိတ်က ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားလို့ ဒေသခံတွေအခက်ကြုံ

• ထားဝယ်မှာ စစ်အာဏာရှင်တပ်က စစ်မှုထမ်းဖမ်းဆီးတာတွေ တောက်လျှောက်လုပ်လာ

• ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ တပ်ရင်းက စစ်မှုထမ်း ၁၀ ဦး ထွက်ပြေး

• အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ စစ်အာဏာရှင်တပ်က မောတောင်မြို့ကို ပြန်သိမ်း

• စစ်အာဏာရှင်တပ် လေယာဉ်နဲ့ဗုံးကြဲလို့ တကူရွာစာသင်ကျောင်းဆောင်တွေ ပျက်စီး

• တနင်္သာရီမှာ စစ်အာဏာရှင်တပ်က ပါရာမော်တာသုံးပြီး ပထမဆုံးအကြိမ် ဗုံးချတိုက်ခိုက်

• ထားဝယ်၊ တနင်္သာရီ၊ ပုလောမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး

• ကော့သောင်းမှာ ဖမ်းမိတဲ့အုပ်ချုပ်ရေးမှူး ထွက်ပြေးလို့ ပစ်ခတ်လို့ဆို

• ရန်ကုန်-ထားဝယ် အိမ်စီးကားခ ဈေးပြန်ကျတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။