ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

May 9, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • စစ်အာဏာရှင်တပ်က ဝင်းဝရွာရှိနေအိမ်တွေမှာတပ်စွဲနေပြီး စခန်းပြန်ဆောက်
  • ရနောင်းမှာ မြန်မာသက်ကြီးရွယ်အိုတွေကို အဖမ်းခံနေရပြီး လူငယ်တွေဖုန်းစစ်ခံနေရ
  • တနင်္သာရီတိုင်း စစ်အစိုးရအဖွဲ့က ၁၅ ရက်အတွင်း လုံနယ်ဝန်ကြီး အသစ်ထပ်ပြောင်း
  • စစ်အာဏာရှင်တပ် ရဟတ်ယာဥ်ကွင်းဆောက်ဖို့ ဒေသခံတွေရဲ့ အိမ်ခြံမြေတွေ သိမ်း
  • နယ်ကျော်ငါးဖမ်းလို့ ထောင်ချခံရတဲ့ထိုင်းလှေပေါ်က မြန်မာရေလုပ်သားတွေ လွတ်ငြိမ်းနဲ့ ပြန်လွတ်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  ” ရေကြည်ရာရှာရင်း ခြေရာပျောက် ရေနောက်ဖြစ်နေတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။